မြစ်ကြီးနား စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ အသစ်တည်ဆောက်ဖွင့်လှစ်သော ဟိုတယ်အဂ္ဂဗေ(၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါဟိုတယ်သစ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ရှေးဦးစွာ ဟိုတယ်သစ်ဖွင့်ပွဲကို
ဟိုတယ်ဧည့်ကြိုဆောင်ရှေ့၌ ကျင်းပပြုလုပ်ရာ သိက္ခာတော်ရ ဆရာတစ်ဦးက
ဖွင့်ပွဲအထိမ်းအမှတ် ဆုတောင်းဆက်ကပ် အပ်နှံကောင်းချီးပေးပြီး ပြည်နယ်ဝန်ကြီး
ချုပ်၊ သိက္ခာတော်ရဆရာတော်များနှင့် ဟိုတယ်ပိုင်ရှင် ဦးလဂွေဘောမ်ယိန်းတို့က
ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း
အတွင်းရှိ မိုးလုံလေလုံအားကားခန်းမ၌ ပထမအကြိမ်မဲပေးမည့်
လူငယ်မဲဆန္ဒရှင်များအုပ်စုတွင် အကျုံးဝင်နေသော ကျောင်းသား/ကျောင်းသူများအား
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ
အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ တက် ရောက်သည်။
အဆိုပါ ဟောပြောပွဲတွင်
ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းအဆင့် တက် ရောက်နေသော
ကျောင်းသား/ကျောင်းသူများသည် လာမည့်ရွေးကောက်ပွဲတွင် ပထမအကြိမ် ဆန္ဒမဲ ပေးကြမည့် လူငယ်မဲဆန္ဒရှင်အုပ်စုတွင်
အကျုံးဝင်နေသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များတွင်
ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဗဟုသုတများ ရရှိစေရန် အသိပညာပေးခြင်းဖြစ်ပါကြောင်း၊
ထို့အပြင် အသက်(၁၈)နှစ်ပြည့်ပြီး ဥပဒေနှင့်ညီညွတ်သူတိုင်း မဲပေးခွင့်ရရှိရေးသည်
နိုင်ငံသားအခွင့်အရေးပင်ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ
နိုင်ငံသားအခွင့်အရေးနှင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဗဟုသုတများ ရရှိစေရန် မိမိတို့အား
စီစဉ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိ
ဦးမျိုးမင်းဦးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ နိုင်ငံသားအခွင့်အရေးများ၊ လိုက်နာစောင့်ထိန်းရမည့်တာဝန်များ၊
ရွေးကောက်ပွဲဆိုင်ရာ သိ သင့်သိထိုက်သည်များနှင့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပသည့် ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ
သိသင့်သိထိုက်သည်များ၊ ဥပဒေပါအချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး
အခမ်းအနား တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများနှင့်အတူ အမှတ်တရမှတ်တမ်း
တင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင်
ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအ ဝေးခန်းမ၌ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်အတူ သဘာဝ ဘေးဖြစ်ရပ်၊ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍
ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်
ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ကို တားဆီး၍ မရဘဲ၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်
ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်း၊ ဖြစ်ပွားတတ်သည့် သဘာဝဘေး အန္တရာယ်များကို
ပြည်သူလူထုတစ်ရပ်လုံး အသိပညာပေးခြင်း၊ ရင်ဆိုင်ကြုံတွေ့လာရပါက စနစ် တကျစုဖွဲ့ တုံ့ပြန်နိုင်ရေး၊
ရှာဖွေကယ်ဆယ်မှုများနှင့် ထောက်ပံ့ကူညီများ အချိန်နှင့်တစ်ပြေးညီ
ဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊
အုပ်ချုပ်ထောက်ပံ့ဆိုင်ရာ များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေး အားလုံးကို
အချိန်နှင့်တစ်ပြေးညီ စည်းလုံးညီညွတ်စွာ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍
သက်ဆိုင်ရာ ကဏ္ဍအလိုက် အချိန်အဆက်မိမိဖြင့် ဆောင်ရွက်နိုင် ရေးအားလုံးက
ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍
ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံ
ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက သဘာဝဘေးအန္တရာယ်ဖြစ်ရပ်/
ဖြစ်စဉ်များ နှင့် စပ်လျဉ်း၍ အမျိုးသားအဆင့်ကော်မတီ၏
လမ်းညွှန်မှာကြားချက်များနှင့် တုံ့ပြန်ဆောင်ရွက်ချက် များအား အစီအရင်တင်ပြခဲ့မှု
အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီနှင့်
ဆပ်ကော်မတီအသီးသီးက တာဝန်ရှိသူများက မြစ်ကြီးနားမြို့၌ စံချိန်တင်
ရေဘေးဖြစ်ပွားခဲ့မှုအပေါ် ရှာဖွေကယ်ဆယ်ကူညီဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပျက်ဆီး
ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ နောင်အလားတူ
ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ကာကွယ်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအပေါ်
ကြိုတင် ကာကွယ်၊ ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍
ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်း၍ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment