လွိုင်ကော် စက်တင်ဘာ ၁၃
ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသော
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ထုတ်ကုန်လုပ်ငန်းများကို
လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
စိုက်ပျိုးရေးအနေဖြင့် မိုးစပါး၊ နွေစပါး၊ ပြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့်
မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို လျာထားချက်ဧကပြည့်မီရေး၊ သီးထပ်သီးညှပ်များစိုက်ပျိုးနိုင်ရေး၊
မြေပြင်တွင် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးအနေဖြင့်
ဒေသကြက်၊ ဥစားကြက်၊ ဝက်၊ နွား၊ ဆိတ်မွေးမြူရေးလုပ်ငန်းများကိုလည်း ဒေသခံများနှင့် ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော
အဆင့်မြင့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ နည်းပညာနှင့် အရင်းအနှီးများကို ပံ့ပိုးကူညီပေးသွားရန်လိုအပ်ကြောင်း၊
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို
ဥပဒေ၊
စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပေါင်းစပ်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးယူထားသော လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့်
စစ်ဆေးကြပ်မတ်ခြင်းများကိုလည်း
ဆောင်ရွက်သွားကြရန်လိုကြောင်း”
စသည်ဖြင့်
ပြောကြားခဲ့သည်။
ထို့နောက်
ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်
အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့်အခြေအနေများ၊
ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ပြီး
နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment