Monday, September 30, 2024

ဒုတိယဝန်ကြီး ဦးရဲတင့် အုတ်တွင်းမြို့နယ်နှင့် ပဲခူးမြို့တို့ရှိ ပြန်ကြားရေးလုပ်ငန်းများနှင့် ရေဝင်ရောက်မှု ကြည့်ရှုစစ်ဆေး

 


နေပြည်တော် စက်တင်ဘာ ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးအတွင်း ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပြင်ဆင်ရေးမှာကြားသည်။ ရုံးသုံးပစ္စည်းများနှင့် စာအုပ်များအား အချိန်မီရေလွတ်ရာသို့ ရွှေ့ပြောင်းထားနိုင်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပဲခူးမြို့ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးကာ စက်ပစ္စည်းများ ကြံ့ခိုင်မှုနှင့် သဘာဝဘေးဂရုပြုရန်တို့ကို မှာကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးရုံးနှင့် ခရိုင်စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး သန်းခေါင်စာရင်းကောက်ယူရေးကိစ္စများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment