နေပြည်တော် ဇွန် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Imran Haider နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (United Arab Emirates -UAE) နိုင်ငံ သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abduljaleel Muhamed Al Faheem တို့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
ဆွေးနွေး
ပြည်ထောင်စုဝန်ကြီးသည်
ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှုနှင့်
နို့စားကျွဲမွေးမြူရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ စပါးသုတေသန
ဖွံ့ဖြိုးရေးနှင့် မျိုးသစ်ထုတ်လုပ်သုံးစွဲနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
အာရပ်စော်ဘွားများပြည်ထောင်စု
(United Arab Emirates
-UAE) နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် UAE
နိုင်ငံအကြား စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးနယ်ပယ်များတွင်
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ လယ်ယာကဏ္ဍဆိုင်ရာနှင့်
ရေထွက်ပစ္စည်းကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို
ဆွေးနွေးကြသည်။
တွေ့ဆုံပွဲများသို့
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ
ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment