Thursday, June 13, 2024

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သီရိလင်္ကာသံအမတ်ကြီး Mrs. Ponnamperuma Arachige Prabashini Ponnamperuma အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၁၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် သီရိလင်္ကာသံအမတ်ကြီး Mrs. Ponnamperuma Arachige Prabashini Ponnamperuma အား ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံအကြား ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးပညာရှင်များ အပြန်အလှန် အတွေ့အကြုံဖလှယ်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) နှင့် ပြည်ထောင်စုဝန်ကြီးရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment