Thursday, June 13, 2024

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed AL Faheem အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၁၂

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့အခြေစိုက်အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed AL Faheem အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတို့အကြား နှစ်နိုင်ငံအကျိုးတူ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment