ရန်ကုန် ဇွန် ၁၃
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ပုလဲရတနာ အသက်မွေးဝမ်းကျောင်းသင်တန်း ကျောင်းသို့သွားရောက်၍ IT ပညာရပ်ဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
ရှင်းလင်းတင်ပြ
ထိုသို့ကြည့်ရှုစဉ်
သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်း သမိုင်းအကျဉ်း၊ ဖွင့်လှစ်ခဲ့သည့်
သင်တန်းအမျိုးအစားများ၊ သင်တန်းအောင်မြင်ပါက ရရှိမည့် အကျိုးကျေးဇူးများနှင့်
တက်ရောက်လျက်ရှိသည့် သင်တန်းသားများ အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက်
ဒုတိယဝန်ကြီးက ပုလဲရတနာသင်တန်းကျောင်းမှ ဖွင့်လှစ်သည့် သင်တန်းများသည် သင်တန်းသားများအတွက်
ပြည်တွင်း၊ ပြည်ပတွင် အလုပ်အကိုင်ကောင်းများ ရရှိနိုင်၍ ရည်ရွယ်ချက်
ကောင်းမွန်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများသော အခြားသင်တန်းအမျိုးအစားများကို
တိုးချဲ့ဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊ IT အလုပ်အကိုင်များကို ကျွမ်းကျင်မှုစံသတ်မှတ်ချက်များ
ရေးဆွဲနိုင်ရေးနှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံလုပ်သားများ
ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) နှင့်
ချိတ်ဆက်ဆောင်ရွက်ရန်နှင့် သင်တန်းများ အရည်အသွေးအာမခံချက်ရှိစေရေးနှင့် သင်တန်းဆင်းများအတွက်
သင့်တော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ပုလဲရတနာ
အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းကို ၂၀၁၂ ခုနှစ်တွင် ဒဂုံမြို့သစ်
(မြောက်ပိုင်း)မြို့နယ်၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး Under Graduate Diploma in Software
Engineering သင်တန်းအမျိုးအစားလေးမျိုး ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ လက်ရှိကာလတွင်
သင်တန်းတက်ရောက်သူများ သွားလာမှုအဆင်ပြေစေရန် မရမ်းကုန်းမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင်
သင်တန်းကျောင်းခွဲများ တိုးချဲ့ဖွင့်လှစ်ထားရှိပြီး ဂျပန်နိုင်ငံအပါအဝင်
နိုင်ငံတကာတွင် IT Professional အဖြစ်
လုပ်ကိုင်လိုသူများအတွက် IT Foundation Class များကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
သင်တန်းတက်ရောက်ပြီး Information Technology Professional Examination
Council (ITPEC)မှ နှစ်စဉ် ဧပြီလနှင့် အောက်တိုဘာလတို့တွင် ကျင်းပသည့်
စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ကြောင်း၊ Software Engineering စာမေးပွဲ အောင်မြင်သူများအနေဖြင့် ဂျပန်စာအဆင့် N2 Level ကို အောင်မြင်ပါက ဂျပန်နိုင်ငံတွင် IT Visa (Work Permit) ဖြင့် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်
သင်္ဃန်းကျွန်းကျောင်းခွဲ၌ သင်တန်းသား ၃၈ ဦး၊ မရမ်းကုန်း ကျောင်းခွဲ၌ ၁၆ ဦး၊
မြောက်ဒဂုံကျောင်း၌ ၂၉ ဦး စုစုပေါင်း သင်တန်းသား ၈၃ဦး တက်ရောက်ခဲ့ကြောင်း၊
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်္ဃန်းကျွန်းကျောင်းခွဲ၌ သင်တန်းသား ၁၅ ဦး၊
မရမ်းကုန်းကျောင်းခွဲ၌ ၁၇ ဦး၊ မြောက်ဒဂုံကျောင်း၌ ၂၀ စုစုပေါင်း သင်တန်းသား ၅၂ ဦးအတွက်
နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများတွင်ဖြစ်စေ၊
ပြည်တွင်းတွင် Software Developer အလုပ်ဖြင့် Outsourcing
လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment