နေပြည်တော် ဇွန် ၁၁
ကယားပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာသူ ဒေသခံပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ် ခန်းမ၌ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ယာယီနေရပ်စွန့်ခွာသူ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်
တိုင်းမှူးတို့က ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းစေရေးနှင့် ဒေသဖွံ့ဖြိုး
တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေ
အနေများနှင့်ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားကြသည်။
ထို့နောက် ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အခြေခံစားသောက်ကုန်
များကိုလည်းကောင်း၊ ပြန်လည်တာဝန်ထမ်းဆောင်ရန်ရောက်ရှိလာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ
အတွက် ဆန်၊ ဆီ၊ ပဲ၊ ထောက်ပံ့ငွေနှင့် ရုံးသုံးစက်ကိရိယာများကို လည်းကောင်း၊ မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၁ စုမှ ယာယီနေရပ် စွန့်ခွာဒေသခံပြည်သူများအတွက်
ဆန်၊ ဆီ၊ ထောက်ပံ့ငွေများကိုလည်းကောင်း၊ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရန်အတွက်
ဘိလပ်မြေနှင့်သွပ်များကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်သည်။
ယင်းနောက် ယာယီ နေရပ်စွန့်ခွာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်
ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment