မန္တလေး ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း လာမည့်လများတွင် အင်းရေတိုးလာတော့မည်ဖြစ်၍ ယခုလက်ရှိပုံမှန်ထက် ပြည်တွင်း ပြည်ပ ငှက်လှေစီးသူဦးရေ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ တောင်သမန် ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
လက်ရှိတွင်
ရုံးပိတ်ရက်များနှင့် ဥပုသ်ရက် အခါကြီးနေ့ရက်များ၌ ပုံမှန်ကြားရက်များထက်
ငှက်လှေစီးသူ များပြားသဖြင့် ထိုရက်များတွင် ငှက်လှေသမားများ ဝင်ငွေကောင်းသည်ဟု
ဆိုသည်။
“တောင်သမန် ဦးပိန်တံတားကိုလာတဲ့ ပြည်တွင်းဧည့်သည်တွေက ငှက်လှေစီးသူနည်းတယ်။
စားသောက် အနားယူပြီး ပြန်ကြတာများတယ်။ ပြည်ပခရီးသွားအတော်များများကတော့ ဦးပိန်တံတားရောက်တာနဲ့
ငှက်လှေစီးလေ့ရှိကြတယ်။ ခုတလောမှာ အင်းရေနည်းတော့ ပြည်ပခရီးသွားတွေကို ခရီးသွားအေဂျင်စီတွေက
မပို့ကြသေးဘူး။ လာမယ့်လမှာ အင်းရေတိုးလာတော့မယ်ဆိုတော့ ငှက်လှေစီးသူများလာနိုင်တယ်”
ဟု ၎င်းက ပြောသည်။
တောင်သမန်
အင်းရေသည် ဧရာဝတီမြစ်နှင့် ဆက်စပ်နေခြင်းကြောင့် ယခုရက်ပိုင်း မြစ်ရေကျဆင်းသဖြင့်
အင်းရေမှာလည်းပြီးခဲ့သည့် သီတင်းတစ်ပတ်ကျော်ကထက် အင်းရေ ကျဆင်းသွားခဲ့ရာ
လာမည့်လများတွင် မြစ်ရေတိုးလာတော့မည်ဖြစ်ကြောင်း၊ အင်းရေများပြားချိန်တွင် ဦးပိန်တံတားနှင့်
တောင်သမန်အင်းအလှ ပိုမိုပြည့်စုံသဖြင့် ထိုအချိန်များ၌ ပြည်ပခရီးသွားများ လာရောက်မှုများသည့်
အချိန်ဖြစ်ကြောင်းသိရသည်။
“ဝါဆို
- ဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ မြန်မာစကားပုံရှိတော့ လာမယ့်လကဝါဆိုလဖြစ်လို့
မြစ်ရေတိုးလာတာနဲ့ အင်းရေလည်းတိုးလာပြီး အင်းရေပြင်လည်း ကျယ်လာမယ်။ ငှက်လှေစီးရတဲ့
အရသာက လှိုင်းတအိအိနဲ့ စီးလို့ကောင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်သမန်ငှက်လှေအသင်းတွင်
ငှက်လှေအစင်းပေါင်း ၄၃ စင်းရှိပြီး ငှက်လှေစီးခမှာ စီးနင်းလိုက်ပါသူ
ဦးရေအနည်းအများနှင့် အင်းအတွင်းလှည့်ပတ်သည့် နေရာပေါ်မူတည်၍ ငွေကျပ် ၁၀၀၀၀ မှ ၁၂၀၀၀
အထိရှိကြောင်း သိရသည်။
မောင်အေးချမ်း
တောင်သမန်အင်းအတွင်း လာမည့်လများ၌
အင်းရေတိုးလာတော့မည်ဖြစ်၍ ငှက်လှေစီးသူ ယခုထက် ပိုမိုများပြားလာမည်
မန္တလေး ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး
အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း လာမည့်လများတွင် အင်းရေတိုးလာတော့မည်ဖြစ်၍ ယခုလက်ရှိပုံမှန်ထက်
ပြည်တွင်း ပြည်ပ ငှက်လှေစီးသူဦးရေ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ တောင်သမန် ငှက်လှေအသင်းဥက္ကဋ္ဌ
ဦးစိုးဝင်းက ပြောသည်။
လက်ရှိတွင်
ရုံးပိတ်ရက်များနှင့် ဥပုသ်ရက် အခါကြီးနေ့ရက်များ၌ ပုံမှန်ကြားရက်များထက်
ငှက်လှေစီးသူ များပြားသဖြင့် ထိုရက်များတွင် ငှက်လှေသမားများ ဝင်ငွေကောင်းသည်ဟု
ဆိုသည်။
“တောင်သမန် ဦးပိန်တံတားကိုလာတဲ့ ပြည်တွင်းဧည့်သည်တွေက ငှက်လှေစီးသူနည်းတယ်။
စားသောက် အနားယူပြီး ပြန်ကြတာများတယ်။ ပြည်ပခရီးသွားအတော်များများကတော့ ဦးပိန်တံတားရောက်တာနဲ့
ငှက်လှေစီးလေ့ရှိကြတယ်။ ခုတလောမှာ အင်းရေနည်းတော့ ပြည်ပခရီးသွားတွေကို ခရီးသွားအေဂျင်စီတွေက
မပို့ကြသေးဘူး။ လာမယ့်လမှာ အင်းရေတိုးလာတော့မယ်ဆိုတော့ ငှက်လှေစီးသူများလာနိုင်တယ်”
ဟု ၎င်းက ပြောသည်။
တောင်သမန်
အင်းရေသည် ဧရာဝတီမြစ်နှင့် ဆက်စပ်နေခြင်းကြောင့် ယခုရက်ပိုင်း မြစ်ရေကျဆင်းသဖြင့်
အင်းရေမှာလည်းပြီးခဲ့သည့် သီတင်းတစ်ပတ်ကျော်ကထက် အင်းရေ ကျဆင်းသွားခဲ့ရာ
လာမည့်လများတွင် မြစ်ရေတိုးလာတော့မည်ဖြစ်ကြောင်း၊ အင်းရေများပြားချိန်တွင် ဦးပိန်တံတားနှင့်
တောင်သမန်အင်းအလှ ပိုမိုပြည့်စုံသဖြင့် ထိုအချိန်များ၌ ပြည်ပခရီးသွားများ လာရောက်မှုများသည့်
အချိန်ဖြစ်ကြောင်းသိရသည်။
“ဝါဆို
- ဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့ မြန်မာစကားပုံရှိတော့ လာမယ့်လကဝါဆိုလဖြစ်လို့
မြစ်ရေတိုးလာတာနဲ့ အင်းရေလည်းတိုးလာပြီး အင်းရေပြင်လည်း ကျယ်လာမယ်။ ငှက်လှေစီးရတဲ့
အရသာက လှိုင်းတအိအိနဲ့ စီးလို့ကောင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်သမန်ငှက်လှေအသင်းတွင်
ငှက်လှေအစင်းပေါင်း ၄၃ စင်းရှိပြီး ငှက်လှေစီးခမှာ စီးနင်းလိုက်ပါသူ
ဦးရေအနည်းအများနှင့် အင်းအတွင်းလှည့်ပတ်သည့် နေရာပေါ်မူတည်၍ ငွေကျပ် ၁၀၀၀၀ မှ ၁၂၀၀၀
အထိရှိကြောင်း သိရသည်။
မောင်အေးချမ်း
No comments:
Post a Comment