နေပြည်တော် ဇွန် ၁၁
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကူအညီပေးအပ်သည့် ကင်းလှည့်ရေယာဉ် ၆ စီး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံး (ဝါးတန်း) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်
ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီး H.E Mr. Chen Hai ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ
တာဝန်ရှိ သူများ တက်ရောက်ကြပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး
နီလင်းအောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai တို့ ဦးဆောင်၍
အခမ်းအနားတက်ရောက်လာကြသူများသည် လမ်းမတော်မြို့နယ်၊ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားရှိသော
ကင်းလှည့်ရေယာဉ်နှစ်စီးပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရေယာဉ် ဆိုင်ရာ တာဝန်ရှိသူများက
ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပါသည်။
ဆက်လက်၍ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ကျေးဇူးတင်
စကားပြောကြား၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai က အမှာစကား ပြောကြားပါသည်။
ယင်းနောက် လွှဲပြောင်း/ လက်ခံခြင်းစာလွှာများကို လက်မှတ်ရေးထိုး၍ အပြန် အလှန် လဲလှယ်ကြပါသည်။
တရုတ် - မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်းဆက်ဆံရေးတို့အပေါ်
အခြေပြု၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်း
စဉ်များ အားကောင်းစေရေးအတွက်လည်းကောင်း ၂၈ မီတာ ကင်းလှည့်ရေယာဉ် ၂ စီးနှင့် ၄၈ မီတာ
ကင်းလှည့်ရေယာဉ် ၄ စီးတို့ကို အကူအညီပေးအပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment