နေပြည်တော် ဇွန် ၁၁
၂၀၂၄ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့် m၂၀၂၄ ခုနှစ်၊ ဧပြီနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းဖြင့် အပြီးထုတ်ပြန် ကြေညာသည်။
ထိုသို့ထုတ်ပြန်ပေးရာတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ
ကျောင်းများ၌ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ထားလျက်ရှိပြီး ကျောင်းသား၊
ကျောင်းသူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website
ဖြစ်သော www. myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံ(ရေဒီယို)
၊ တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးလျက်ရှိကြောင်း သိရ သည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖြေဆိုသူဦးရေ
(၁၂၈၈၂၀)၊ အောင်မြင်သူဦးရေ (၇၄၅၉၂) ဦး၊ အောင်ချက်ရာခိုင်နှုန်းမှာ (၅၇.၉၀) ရာခိုင်နှုန်းရှိပြီး
တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲဖြင့် အမှတ်အများဆုံးရရှိသူ (၁၁) ဦး၊ ဝိဇ္ဇာတွဲဖြင့်
အမှတ်အများဆုံးရရှိသူ (၁၀) ဦး၊ ဝိပ္ပံတွဲဖြင့် အမှတ်အများဆုံးရရှိသူ (၁၀) ဦးစာရင်းကို
ထုတ်ပြန်ထားရာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
No comments:
Post a Comment