နေပြည်တော် ဇွန် ၁၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ခန္တီးဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ အေးမြချမ်းသာ သီလရှင်သင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါ်ပါရမီနှင့် ရွှေစင်မင်း သီလရှင်သင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာဒေါ်နန္ဒသိင်္ဂီတို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှုအခြေအနေကို ကြည့်ရှုအားပေးသည်။
အလားတူ
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၁၁ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ
ဇညပဏ္ဍိစ္စပါလ ကမ္ဘောဇဘုန်းတော်ကြီး သင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇဝန၊
အောင်မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝိလာသ၊ မန္တလေးတိုင်းဒေသကြီး
ချမ်းမြသာစည်မြို့နယ်ရှိ မဟာဝိဇယရံသီ(စလေ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တဝိဇယ၊
ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်
ဆရာတော်ဘဒ္ဒန္တမဟိန္ဒနှင့် အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တနာယကတို့အား သွားရောက်ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူတော်
ငွေများဆက်ကပ်လှူဒါန်းပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ကျောင်းသားကျောင်းသူများ
စာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ထို့ပြင်
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၁၀ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့နယ်ရှိ မုန်ပင်ဆည်
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဝိနယ၊ ခေမာသီရိသီလရှင်သင်ပညာရေးကျောင်း
ကျောင်းအုပ်ဆရာကြီးဒေါ်ဝဏ္ဏသီရိနှင့် ပထမကျော်ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ကျောင်းအုပ်ဆရာတော်
ဘဒ္ဒန္တသီလာစာရ တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ
ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှုကို
ကြည့်ရှုအားပေးသည်။
ဒုတိယဝန်ကြီးသည်
အဆိုပါဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် သီလရှင်သင်ပညာရေး ကျောင်းများသို့ရောက်ရှိစဉ်
ကျောင်းစတင်ဖွင့်လှစ် သင်ကြားနေမှု၊ ဆရာဆရာမများအား ထောက်ပံ့ကြေးပေးအပ်မှု၊ ပညာသင်ကြားရာတွင်
ကျောင်းသားဦးရေနှင့်ဆရာဦးရေ မျှတမှု ရှိ/မရှိ၊ စာမေးပွဲဖြေဆိုရာတွင် အခက်အခဲ ရှိ/မရှိ၊
ကျောင်းသားစာရင်း ကောက်ယူခြင်း၊ ကျောင်းပြောင်း လက်ခံခြင်းတို့တွင် စနစ်တကျရှိစေရေး၊
အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်သော သင်ရိုးသစ်သင်တန်းများနှင့် ဘာသာရပ်မွမ်းမံသင်တန်းများ
တက်ရောက်စေရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးဝန်ကြီးဌာနကသာ အဓိကတာဝန်ယူဆောင်ရွက်နေ
ခြင်းဖြစ်သောကြောင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ အနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနက
ချမှတ်ထားသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျောင်းအပ်လက်ခံရေးကိစ္စရပ်များကို
ဆွေးနွေးလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment