နေပြည်တော် ဇွန် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နို့စားနွားမွေးမြူရေးဇုန်ကို ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးပြောကြား
ထိုသို့ကြည့်ရှုစစ်ဆေးစဉ်
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိက
မွေးမြူရေးလုပ်ငန်းရှင်များအတွက် နည်းပညာအပါအဝင် လိုအပ်ချက်များကို
ကူညီပံ့ပိုးပေးလျက်ရှိရာ လုပ်ငန်းဆိုင်ရာ သဘောတူညီမှုစည်းကမ်းချက်များနှင့်အညီ
ပုဂ္ဂလိကအကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် သတ်မှတ်ကာလအတွင်း စီမံကိန်းလုပ်ငန်းများ
အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း
ဆွေးနွေးပြောကြားပြီး နို့စားနွားမွေးမြူရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများကို
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် တအုံကျေးရွာအုပ်စု ဆောက်အင်းကျေးရွာအနီး
တည်ဆောက်ပြီးစီးသည့် ဆောက်အင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်၌ ရေသောက်ဧရိယာအတွင်းမှ
တောင်သူများဖြင့် ဖွဲ့စည်းထားသော ရေအသုံးချသူများ(WUG)အဖွဲ့ဝင်များအား တွေ့ဆုံပြီး စပါးသီးနှံအခြေခံ၍
တစ်နှစ်သုံးသီး စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို
ဆွေးနွေးကြကာ မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေပေးဝေနေမှုနှင့် တောင်သူများ၏စိုက်ခင်းများကို
ကြည့်ရှုအားပေးသည်။
ဆည်မြောင်းနှင့်
ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့သည့် ဆောက်အင်း
လျှပ်စစ်မြစ်ရေတင်စီမံကိန်းသည် ပင်မလျှပ်စစ်ဓာတ်အားနှင့် ဆိုလာစွမ်းအင်ကို
တွဲဖက်အသုံးပြု၍ ဒုဋ္ဌဝတီမြစ်မှရေကို တင်ယူပြီး ကွန်ပျူတာတက္ကသိုလ်
(မန္တလေး)အနီးရှိ တအုံ၊ ဧည့်ပြ၊ တလိုင်းကန် စိုက်ကွင်းများမှ စိုက်ပျိုးမြေဧက ၁၀၀၀
အား နွေ၊ မိုး၊ ဆောင်း တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရေး
ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး၊ နှမ်း၊
နေကြာအပါအဝင် ဧက ၆၅၀ စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာအနီးရှိ မန္တလေး တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်
ပုသိမ်ကြီးမြို့နယ် ကြူဝန်းရှိ အသားတိုး နွား၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်သရုပ်ပြခြံ၏
လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်ခွဲခန်းပညာရပ်များကို မျိုးဆက်သစ်များထံ
လက်ဆင့်ကမ်းမျှဝေပေးပြီး ဓာတ်ခွဲခန်းပညာရှင် ခါးဆက်မပြတ်စေရေးနှင့် ထူးချွန်သူများပေါ်ထွန်းလာရေး
အားပေးချီးမြှောက်ရန်လိုအပ်ချက်များ၊ ဘဏ္ဍာနှစ်အလိုက် သတ်မှတ်ထားသောလုပ်ငန်းများ လျာထားချက်ပြည့်မီစွာ
ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်
%20(1)-1.jpg)
No comments:
Post a Comment