နေပြည်တော် ဇွန် ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၅ -
၆ - ၂၀၂၄ ရက်(စနေနေ့)တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆) ၊ အမှတ် (၂၄) တွင်
သူတစ်ပါးအပေါ် မကောင်းကြံတတ်သည့် မြွေပါကို ကိုယ်ချင်းစာစိတ်ဖြစ်စေရန် သင်ခန်းစာပေးလိုက်သည့်
ယုန်ကလေးတို့အကြောင်း သရုပ်ဖော်ထားသည့် “ဆိုးသွမ်းတဲ့မြွေပါအတွက်
ယုန်ကလေးရဲ့သင်ခန်းစာ” မျက်နှာဖုံးကာတွန်း၊ ကမ္ဘာပေါ်ရှိ အင်းဆက်မျိုးဆက်တို့၏
ခန္ဓာဗေဒဖြစ်တည်ပုံနှင့် ရှင်သန်နေထိုင်မှုများအကြောင်း တင်ဆက်ထားသည့် “အင်းဆက်”
သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီလက်ရာများကို
တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကျွဲရိုင်း၏ရန်ကို
နှိမ်နင်းပေးရန်ကြိုးစားသည့် ဖိုးချွန်း၊ ဝိတ်ပေါနှင့် အသက်မသေဘဲ ရှင်သန်နေသည့် ကျွဲရိုင်းကြီးအကြောင်း
ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် ကျွဲရိုင်း” နှစ်မျက်နှာကာတွန်း၊
ဆရာမကြီး ဒေါ်သန္တာလင်းပိုင်နှင့် မသန်စွမ်းကလေးများ စာသင်ခန်းမှ ရေသတ္တဝါတို့၏
ဟန်ချက်ညီညီ ကြိုးစားအားထုတ်မှုကြောင့် ရေအောက်ကမ္ဘာကျောင်းကြီးသည် ကမ္ဘာကျော်သွားခဲ့ပုံ
အကြောင်းရေးဖွဲ့ထားသည့် “မသန်ပေမယ့် စွမ်းကြသူများ” ပုံပြင်ကဏ္ဍ၊ သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင်အဖြစ်
ဆရာကြီး ပီမိုးနင်း၏ “တကယ့်လူချွန်” စာအုပ်ကို ပေးဖြစ်ပုံအကြောင်းရေးဖွဲ့ထားသည့်
“ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ကျောင်းမှန်မှန်တက်ပြီး စာကိုရည်ရွယ်ချက်ဖြင့်
ဇွဲလုံ့လထားကြိုးစားလျှင် အတန်းထဲ၌ ပထမဆုရနိုင်ကြောင်း ရေးဖွဲ့ထားသည့် ဆရာမင်းနီခိုင်
(မောင်တော) ၏ “ရည်ရွယ်ချက်နဲ့ ကြိုးစားသူ” ကဗျာကဏ္ဍအပါအဝင် ဆေးရောင်ခြယ်ကဏ္ဍနှင့်
ရွှေသွေးစကားဝိုင်းကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ်
၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment