မကွေး ဇွန် ၁၂
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ
မကွေးတိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်က
အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ကလေးသူငယ်များရဲ့ အခွင့်အရေး(၄)
ရပ်ကို ဖြည့်ဆည်းရန်အတွက် အကောင်အထည်ဖော်မှုများအနေဖြင့် မူကြိုအရွယ်ကလေးသူငယ်များ
ဘက်စုံဖွံ့ဖြိုးရေးအတွက် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ မူကြိုဆရာမသင်တန်းများ
ဖွင့်လှစ်ခြင်း၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များအတွက် ကလေးပြုစုရေးဌာန
ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ရပ်ရွာအတွင်းရှိလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများကို ကြီးကြပ်ခြင်း၊
ပြစ်မှုနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များအတွက် ကလေးသူငယ်တရားရုံးများမှ တောင်းခံလာသည့်
ကလေးသူငယ်ကြီးကြပ်သူ အစီရင်ခံစာများကို လိုက်ပါဆောင်ရွက်ခြင်းနဲ့ ကလေးသူငယ်ဆိုင်ရာ
အသိပညာပေးသင်တန်းများ၊ ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/
ခရိုင်/ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များအနေနဲ့
တိုင်းဒေသကြီးအတွင်း ကလေးသူငယ်များ လမ်းမှားသို့မရောက်စေရေးနဲ့
ကလေးသူငယ်မှုခင်းများ လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မိဘ/ အုပ်ထိန်းသူများ၊
ကလေးသူငယ်များနဲ့ ရပ်ရွာပြည်သူလူထုကို ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးနှင့်
မိဘအသိပညာပေးခြင်းဆိုင်ရာ သင်တန်းများ၊ ဟောပြောပွဲများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့်
ကော်မတီဝင်များအနေနဲ့လည်း တိုင်းဒေသကြီးအတွင်းရှိ
မူကြိုအရွယ်ရှေးဦးအရွယ်လေးသူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ရေး၊
ကလေးသူငယ်များလမ်းမှားသို့ မရောက်စေရေးနှင့် နိုင်ငံတော်အတွက် အားထားရမယ့်
အနာဂတ်သားကောင်းများ ဖြစ်လာစေရေးအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို
လူမှုရေးအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရှေးဦးအရွယ်ကလေးသူငယ်
ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မကွေးတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်သူဇာက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား
ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်နေမှုနှင့်
ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ
တင်ပြချင်များနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်က
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို
No comments:
Post a Comment