နေပြည်တော် ဇွန် ၁၇
အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့တွင် ဇွန် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၅)ကြိမ်မြောက် အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ အရာထမ်းတစ်ဦး တက်ရောက်ခဲ့သည်။
ကျင်းပ
(၁၅) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်း ချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့်စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက်မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavath နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမော လက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်းမဏ္ဍိုင်များအားလုံးနှင့် အာဆီယံပေါင်းစည်းဆက်သွယ်
ရေးဆိုင်ရာကော်မတီတို့အနေဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) ၏ မဟာဗျူဟာစီမံချက်များ
မူကြမ်းရေးဆွဲမှု အရှိန်မြှင့်တင်ရေးအတွက် မဏ္ဍိုင်များအကြား အပြီးသတ်ရေးဆွဲတင်ပြရမည့်အချိန်ကာလကို
သတ်မှတ်ရန်လိုအပ်ပါကြောင်းနှင့် လုပ်ငန်းစဉ်အများစုတွင် မဏ္ဍိုင်များအားလုံးနှင့် ဆက်စပ်နေသည့်
ကိစ္စရပ်များစွာ ပါရှိသည်ဖြစ်ရာ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၊
အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက် အဝန်းမဏ္ဍိုင်၊ အာဆီယံပေါင်းစည်းဆက်သွယ်ရေးဆိုင်ရာကော်မတီတို့နှင့်
ယခုနှစ်ကုန်ပိုင်းတွင် ထပ်မံ တွေ့ဆုံခြင်းဖြင့် မဟာဗျူဟာစီမံချက်များကို အပြီးသတ်ဆွေးနွေးရန်
အကြံပြုလိုကြောင်း ဆွေးနွေး ခဲ့သည်။
အာဆီယံအဓိကကျမှုကို ပိုမိုခိုင်မာအားကောင်းစေရန် အရေးကြီး
ထို့နောက် နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်အပေါ်
ခြုံငုံ၍ဆွေးနွေး ရာတွင် ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ပြိုင်ဆိုင်မှုများအကြား
ဒေသတွင်း ဗိသုကာတည်ဆောက်မှု ပုံစံ ထွက်ပေါ်လာရေးတွင် အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံသဘောထားအမြင်
အကောင်အထည်ဖော် ခြင်းနှင့် အာဆီယံဦးဆောင်သည့် ယန္တရားများမှတစ်ဆင့် အာဆီယံအဓိကကျမှုကို
ပိုမိုခိုင်မာ အားကောင်းစေရန် အရေးကြီးကြောင်း၊ အာဆီယံတွင် လက်ရှိဆောင်ရွက်ဆဲ ယန္တရားအချို့
ပြုပြင် ပြောင်းလဲရေးစဉ်းစားရာတွင် အာဆီယံကို နိုင်ငံတကာက အသိအမှတ်ပြုထားသည့်“တူညီဆန္ဒဖြင့်
ဆုံးဖြတ် သည့် အာဆီယံနည်းလမ်း”နှင့် “အာဆီယံစည်းလုံး ညီညွတ်မှု” ဟူသည့် ကောင်းမွန်သည့်
သမိုင်းကြောင်း နှင့်အမွေအနှစ်များကို ထိန်းသိမ်းရန် အလွန်အရေး ကြီးပါကြောင်း ဆွေးနွေးသည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) ၏ အာဆီယံနိုင်ငံရေးနှင့်
လုံခြုံရေးအသိုက်အဝန်း မဟာဗျူဟာစီမံချက် ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးမှု၏ တိုးတက်မှုများကို
မှတ်သားခဲ့ကြပြီး အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) နှင့် ၎င်း၏ မဟာဗျူဟာစီမံချက်များ
ရေးဆွဲမှု၏ တိုးတက်မှုအစီရင်ခံစာမူကြမ်းကို ပြုစုတင်ပြရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအား
တာဝန်ပေးအပ်ခဲ့သည်။
ထို့နောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဟာဗျူဟာစီမံချက် အကောင်
အထည်ဖော်ခြင်းအား ပြန်လည်သုံးသပ်ခြင်းနှင့် ပြန်လည်မွမ်းမံခြင်းအတွက် အချိန်ကာလသတ်မှတ်
ရေးဆွေးနွေးခဲ့ကြပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း မဟာဗျူဟာစီမံချက်မူကြမ်းကို
အခြားမဏ္ဍိုင်များ ကိုးကားအသုံးပြုနိုင်ရန် မျှဝေသွားရန် သဘောတူညီခဲ့ကြသည်။ ဆက်လက်၍
အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးဆိုင်ရာ
မဟာဗျူဟာလုပ်ငန်းစဉ်များ ထည့်သွင်းဖော်ပြမည့်ကဏ္ဍကို သင့်လျော်သည့်အချိန်မှ စဉ်းစားဆုံးဖြတ်ရန်
သဘောတူညီခဲ့ကြသည်။ ယင်းနောက် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့
(၁၄ )ကြိမ်မြောက် အစည်းအဝေး၏ အစီရင်ခံစာကို အတည်ပြုကြသည်။
ရှင်းလင်းဆွေးနွေး
အစည်းအဝေးကာလအတွင်း အာဆီယံပါလီမန်များညီလာခံ အထွေထွေအတွင်းရေးမှူးချုပ်၊ အင်ဒိုနီးရှားနိုင်ငံရှိ
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန အမှုဆောင်ညွှန်ကြားရေးမှူးတို့နှင့် မျက်နှာစုံညီအစည်းအဝေးပြုလုပ်ခဲ့ရာ
သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ၎င်းတို့၏ လုပ်ငန်းစဉ်များနှင့် အာဆီယံနိုင်ငံရေးနှင့်
လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော်ခြင်းတွင် ပံ့ပိုးဆောင်ရွက်နေမှုများကို
ရှင်းလင်းဆွေးနွေးကြပြီး ဦးစားပေးလုပ်ငန်းစဉ်များနှင့် အနာဂတ်စိန်ခေါ်မှုများကို ဆွေးနွေးကာ
အကြံပြုချက်များကို တင်ပြကြသည်။ သက်ဆိုင်ရာကိုယ်စားလှယ်များက တင်ပြလာသည့် အကြံပြုချက်များနှင့်
အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ကြသည်။
အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း
အဖွဲ့သည် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ဆိုင်ရာ ဟနွိုင်းကြေညာချက်နှင့်
လမ်းပြမြေပုံနှင့်အညီ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်တို့အကြား နီးကပ်စွာ ညှိနှိုင်းဆွေးနွေး
ခြင်းဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) ရေးဆွဲရန်အတွက် ၂၀၂၂ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment