နေပြည်တော် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၈ ရက်နေ့တွင် ပြည်သာအေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ မတ္တရာမြို့နယ်၊ ပြည်သာအေးကျေးရွာအနီးတွင် အကြမ်းဖက်သမားများ ခိုအောင်းရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ပြည်သာအေးကျေးရွာအနီးသို့ရောက်ရှိစဉ် အကြမ်းဖက်သမားများက စတင်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ကျေးရွာအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း အကြမ်းဖက်သမားများ အကာအကွယ်ယူပစ်ခတ်ခဲ့သည့် လူနေအိမ်အချို့အား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်မိုင်း ၆ လုံး၊ လက်လုပ်ဗုံးသီး ၅ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိသည့်နေရာနှင့် အနီးဝန်းကျင်နေရာများတွင် လုပ်ကြံသတင်းများဖြင့် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment