၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံး၌ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဖြေဆိုသူပေါင်း ၁၈၉၄၃ ဦးရှိပြီး အောင်မြင်သူ ၁၁၃၁၅ ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် ၅၉ ဒသမ ၇၃ ရာခိုင်နှုန်းဖြစ်ကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၃-၂၀၂၄
ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ
မြန်မာတစ်နိုင်ငံလုံး ထူးချွန်စွာအောင်မြင်ကြသူ ကျောင်းသား ကျောင်းသူများ၏
ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။
မောင်ရဲလွင်အောင်
အ.ထ.က(ခွဲ)
ပုလဲချောင်ကျောင်း၊ အိမ်မဲမြို့
မြန်မာတစ်နိုင်ငံလုံး
စတုတ္ထအဆင့်
ဧရာဝတီတိုင်းဒေသကြီး
ပထမအဆင့် အမှတ်အများဆုံးရရှိသူ
၂၀၂၃-၂၀၂၄
ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ Grade-12 ကို အိမ်မဲမြို့ အ.ထ.က(ခွဲ) ပုလဲချောင်ကျောင်းကနေ
ဖြေဆိုအောင်မြင် ခဲ့တာဖြစ်ပါတယ်။ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ လေးဘာသာ
ဂုဏ်ထူးရရှိခဲ့ပြီး ရရှိခဲ့တဲ့စုစုပေါင်းအမှတ်က ၄၉၅ မှတ်ဖြစ်ပါတယ်။ ကျွန်တော်ကတော့
ကျောင်းသင်ခန်းစာကို အချိန်ဇယားဆွဲပြီး တစ်နေ့တာသင်ခန်းစာကို တစ်နေ့ရရှိအောင် လေ့လာကြိုးစားခဲ့ပါတယ်။
ကျန်းမာရေးအတွက်လည်း မိဘများက အနီးကပ်ကူညီစောင့်ရှောက်ပေးပါတယ်။ ဆရာ ဆရာမတွေရဲ့
သင်ကြားမှုကို သေချာစွာနားထောင်ပြီး နားမလည်တာရှိရင် ချက်ချင်းမေးမြန်းခဲ့လို့
ဆရာ ဆရာမတွေက
ဂရုတစိုက်ပြန်လည်ရှင်းလင်းသင်ကြားပေးခဲ့ပါတယ်။ တစ်နှစ်တာလုံးပင်ပန်းစွာ ကြိုးစားခဲ့ရတဲ့အတွက်
အခုလိုရလဒ်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့
ပညာရေးတက္ကသိုလ်တက်ရောက်ဖို့ ရည်မှန်းထားပါတယ်။ အခုလိုအောင်မြင်မှုရတဲ့အတွက် ဆရာ
ဆရာမများနဲ့ မိဘနှစ်ပါးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
မရီရီဝင်း
အ.ထ.ကခွဲ
(အုတ်ပုံ)ကျောင်း၊ ဟင်္သာတမြို့
မြန်မာတစ်နိုင်ငံလုံး
ပဉ္စမအဆင့်
ဧရာဝတီတိုင်းဒေသကြီး
ဒုတိယအဆင့် အမှတ်အများဆုံးရရှိသူ
၂၀၂၃-၂၀၂၄
ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ Grade-12 ကို ဟင်္သာတမြို့ အ.ထ.က ခွဲ
(အုတ်ပုံ) ကျောင်းက ဖြေဆိုအောင်မြင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး
ပဉ္စမအဆင့်ရရှိခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ဒုတိယအဆင့်ရရှိခဲ့ပါတယ်။
သင်္ချာ၊ ပထဝီ၊
သမိုင်း၊ ဘောဂဗေဒ လေးဘာသာ ဂုဏ်ထူးရရှိခဲ့ပြီး ရရှိခဲ့တဲ့ စုစုပေါင်းအမှတ်က ၄၉၃
မှတ် ဖြစ်ပါတယ်။ ကျွန်မကတော့ တစ်နှစ်ပတ်လုံးစာကို ဘယ်လိုကြိုးစားခဲ့သလဲဆိုရင်
စာမေးပွဲဖြေဆိုဖို့အတွက် ဂုဏ်ထူးရရှိအောင် အဓိက ထားပြီး ပြင်ဆင်ခဲ့ပါတယ်။ မေးခွန်းတွေကိုလည်း
ကြိုတင်လေ့လာထားခဲ့ပါတယ်။ ဆရာ ဆရာမတွေရဲ့ သင်ကြားပြသမှုကိုလည်း ဂရုတစိုက်လေ့လာသင်ယူခဲ့ပါတယ်။
အခုလိုရလဒ်ကောင်းတွေရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်မကတော့ ပညာရေးတက္ကသိုလ်တက်ရောက်ရန်
ရည်မှန်းထားပါတယ်။
မအေးသီတာ
အ.ထ.က(၂)၊
ကျောင်းကုန်းမြို့
မြန်မာတစ်နိုင်ငံလုံး
သတ္တမအဆင့်
ဧရာဝတီတိုင်းဒေသကြီး
တတိယအဆင့် အမှတ်အများဆုံးရရှိသူ
၂၀၂၃-၂၀၂၄
ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို
သင်္ချာ၊ ပထဝီ၊ သမိုင်း၊
ဘောဂဗေဒ လေးဘာသာဂုဏ်ထူးနဲ့ စုစုပေါင်း အမှတ် ၄၈၈ မှတ်ရရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး
သတ္တမအဆင့်ရရှိခဲ့ပါတယ်။ တစ်နှစ်ပတ်လုံးအကောင်းဆုံး ကြိုးစားကျက်မှတ်ခဲ့ပါတယ်။
နှစ်စကတည်းက ဘာသာစုံဂုဏ်ထူးထွက်အောင် ရည်မှန်းပြီးကြိုးစားခဲ့ပါတယ်။ အားနည်းတဲ့ဘာသာကိုလည်း
ပိုမိုလေ့လာကြိုးစားခဲ့ပါတယ်။ အခုလိုလေးဘာသာ ဂုဏ်ထူးထွက်ရှိခဲ့တာဟာ ဆရာ ဆရာမတွေနဲ့
မိဘတွေရဲ့ကျေးဇူးတွေအများကြီးပါပါတယ်။ ဒီနှစ် Grade-12 တက်ရောက်ကြမယ့် မောင်ငယ်၊
ညီမငယ်တွေကိုလည်း နှစ်စကနေစပြီးတော့ ဆရာ ဆရာမတွေရဲ့ သင်ကြားမှုတွေကို
လေ့လာကျက်မှတ်ပြီး ကြိုးစားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
မစမ်းမေသူ
အ.ထ.က
အင်းရဲ၊ ကျုံပျော်မြို့
မြန်မာတစ်နိုင်ငံလုံး
အဋ္ဌမအဆင့်
ဧရာဝတီတိုင်းဒေသကြီး
စတုတ္ထအဆင့် အမှတ်အများဆုံးရရှိသူ
သမီးကတော့
ကျုံပျော်မြို့နယ် အ.ထ.က အင်းရဲကြီးကျောင်းကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး
မြန်မာတစ်နိုင်ငံလုံး အဋ္ဌမအဆင့်ရရှိခဲ့တာပါ။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ စတုတ္ထအဆင့်ရရှိခဲ့ပါတယ်။
ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ သုံးဘာသာဂုဏ်ထူးနဲ့ စုစုပေါင်း အမှတ် ၄၈၈ မှတ်
ရရှိခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး စာကိုဘယ်လိုကြိုးစားခဲ့သလဲဆိုရင်
အချိန်နဲ့တစ်ပြေးညီ ဖြေဆိုနိုင်အောင်ကြိုးစားခဲ့ပါတယ်။
ကျန်းမာရေးကိုလည်းဂရုစိုက်ပါတယ်။ စာမေးပွဲနီးလာတဲ့အခါ သင်ခန်းစာတွေ
သင်ကြားပြီးတဲ့အချိန်ရောက်တဲ့အခါ တစ်ဘာသာချင်းစီကို ပြန်လေ့လာဖို့ အချိန်ဇယားဆွဲပြီး
ကြိုးစားခဲ့ပါတယ်။ အခုလို အောင်မြင်မှုရရှိခဲ့တဲ့အတွက် အလွန်ပဲဝမ်းသာမိပါတယ်။ သမီးရဲ့
ရည်မှန်းချက်ဖြစ်တဲ့ ပညာရေးတက္ကသိုလ်ကို တက်ရောက်သွားမှာဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ပုသိမ်ခရိုင် (ပြန်/ဆက်)




No comments:
Post a Comment