နေပြည်တော် ဇွန် ၁၇
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့နံနက် ၆ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တောင်ဘက်မုခ်အနီးရှိ ခန်းမ၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် သရုပ်ပြလေ့ကျင့် ခြင်း အစီအစဉ်သို့ ပါဝင်တက်ရောက်သည်။
အစီအစဉ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးသန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဝန်ကြီးဌာနများမှ
အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်၊ အိန္ဒိယသံရုံးမှ
တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
ဒုတိယ ဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီးတို့နှင့်အတူ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ မာလိနီရေကန်တော်
ဥယျာဉ်၌ (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို အမှတ်တရ
စုပေါင်းဂုဏ်ပြုစိုက်ပျိုးကြသည်။
သတင်းစဉ်
No comments:
Post a Comment