နေပြည်တော် ဇွန် ၁၀
၂ဝ၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ကျင်းပရာ နေပြည်တော် အားကစားနှင့်ကာယပညာ ကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယနေ့ကျင်းပသည့် မြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲသည်
ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပြိုင်ပွဲကောင်းတစ်ခုဖြစ်ကြောင်း၊
အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားကြပြီး
မိမိတို့အသင်းအနိုင်ရရှိရေး စွမ်းစွမ်းတမံကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း
ပြောကြားပြီး ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅
နှစ်အောက် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက်
ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်လေးချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများနှင့်
ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အသက် ၂၅ နှစ်အောက်
ဖူဆယ်ပြိုင်ပွဲအုပ်စုပွဲစဉ်အဖြစ် ပျဉ်းမနားမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့
ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
၂ဝ၂၄
ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖူဆယ်
(အမျိုးသား)ပြိုင်ပွဲကို ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ နေပြည်တော်
ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ
ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ရှစ်သင်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ထို့နောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊
တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်ရှိ (၅၃၅) ရေပေးရေးစက်ရုံသို့
သွားရောက်၍ သောက်သုံးရေဖြန့်ဖြူးပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး
တိုးချဲ့ရေပေးရေးဆောင်ရွက်မည့်လုပ်ငန်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့်
အပြည့်အဝဖြန့်ဖြူးပေးဝေနိုင်ရေး စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊
သောက်သုံးရေဖြန့်ဖြူးပေးဝေရာတွင် လေလွင့်မှုမရှိရေးအထူးဂရုပြုဆောင်ရွက်ရန်၊
မြို့ပြနေပြည်သူများ သောက်သုံးရေအပြည့် အဝရရှိစေရေးအတွက် ရေတွန်းစက်များ၏
ကြံ့ခိုင်မှုကို အမြဲစစ်ဆေးဆောင်ရွက်ကြရန်တို့ကိုမှာကြား၍
လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment