Tuesday, June 11, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ပြည်ထာင်စုရန်ပုံငွေနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရာက်

 

နေပြည်တော် ဇွန် ၁၁

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ပြည်ထာင်စုရန်ပုံငွေနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။





ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ဆိုင်ရာပြည်ထောင်စုနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်များမှ ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးရေးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနအဖွဲ့အစည်းများအနေဖြင့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ လျာထားရာတွင် အမှန်တကယ် အကောင်အထည်ဖော်နိုင်မှုအပေါ် နီးစပ်အောင်လျာထားခြင်း၊ ဘတ်ဂျက်လိုငွေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရငွေလျာထားချက်အပေါ် ပြည့်မီကျော်လွန်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ အသုံးစရိတ်များ လျာထားရာမှာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန်အထောက်အကူပြုနိုင်မည့် လုပ်ငန်းများနှင့် ပြည်သူ့လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့် အသုံးစရိတ်များကို ဦးစားပေးလျာထားသုံးစွဲခြင်း၊ အခြားအသုံးစရိတ်များကို စနစ်တကျ စိစစ်သုံးစွဲခြင်း စသည့်အချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို မူလအဆိုပြုခဲ့သည့် လုပ်ငန်းပမာဏအတိုင်း သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာနှင့် Time Frame အတိုင်း ပြီးစီးအောင် အလေးထားကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာမှာ ပြည်သူများ အမှန်တစ်ကယ်အကျိုးစီးပွား ဖြစ်ထွန်းမှုနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)

No comments:

Post a Comment