Friday, June 28, 2024

ဈေးအရောင်းအဝယ်စင်တာများတွင် ဆန်အိတ်အသေးများအား ဈေးနှုန်းသက်သာစွာဖြင့် ပြန်လည်ရောင်းချလျက်ရှိ

 


ရန်ကုန် ဇွန် ၂၇

ဈေးအရောင်းအဝယ် စင်တာများတွင် လွန်ခဲ့သော ရက် အနည်းငယ်က ခေတ္တအရောင်းဆိုင်းငံ့ထားခဲ့သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းစသည့် ဆန်အိတ်အသေး (Consumer Pack) များကို ယနေ့တွင် ပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းစားသုံးဆန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချရေး အစီအမံများနှင့်အညီ ဈေးနှုန်းများကို ပြန်လည်သတ်မှတ်ရောင်းချနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက သင့်တင့်မျှတသော ရည်ညွှန်း ဈေးများဖြစ်သည့် ရွှေဘိုပေါ်ဆန်း တစ်ကီလိုလျှင် ​ငွေကျပ် ၃၅၀၀ မှ ၃၈၀၀ အတွင်း၊ ဧရာဝတီ ပေါ်ဆန်းတစ်ကီလိုလျှင် ငွေကျပ် ၃၀၀၀ မှ ၃၃၀၀ အတွင်း၊ ရက် ၉၀/ အထူးဧည့်မထများဖြစ်ပါက တစ်ကီလိုလျှင် ငွေကျပ် ၂၂၀၀ မှ ၂၅၀၀ အတွင်း ရည်ညွှန်းဈေးများကို ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment