နေပြည်တော် မေ ၂၀
ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားအစီအစဉ်များကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ ၂၀၂၄ ခုနှစ် မေ ၂၂ ရက်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ခမ်းနားထည်ဝါစွာနှင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။
ကဆုန်လပြည့်
ဗုဒ္ဓနေ့ဆိုင်ရာ အခမ်းအနားအစီအစဉ်တစ်ခုဖြစ်သည့် ဆီမီးတိုင်များ ကိုင်ဆောင်ပြီး
လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ညနေ ၃ နာရီ မိနစ် ၃၀ မှစတင်၍ တပေါင်းကွင်းမှ ဥပ္ပါတသန္တိစေတီတော်
ပတ်လမ်းတစ်လျှောက်၊ ဥပ္ပါတသန္တိစေတီတော်မှ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်သို့
မော်တော်ယာဉ်များဖြင့် ထွက်ခွာရာ လမ်းတစ်လျှောက်နှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်မုခ်ဦးမှ
ညောင်ရေသွန်းမည့် မဟာဗောဓိပင်အထိလည်းကောင်း၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်နှင့် ဥပ္ပါတသန္တိစေတီတော်ရှိ
မဟာဗောဓိပင်နေရာများတွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်းအခမ်းအနားများကိုလည်းကောင်း
MRTV– HD Channel ၊ MRTV Parliament Channel၊ MWD-HD Channel ၊ MWD- Variety HD Channel၊ MWD
EDUCATION, KNOWLEDGE & SPORTS Channel နှင့် Channel
LIGHT Channel တို့မှ တိုက်ရိုက် (Live) ရိုက်ကူး
ထုတ်လွှင့်သွားမည်ဖြစ်သည်။
ထို့ပြင်
ည ၈ နာရီမှစတင်၍ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်တွင် သီတဂူဆရာတော်ကြီး၏
ဓမ္မသဘင်ဆင်ယင်ကျင်းပမှုကို MRTV Parliament Channel ၊ MWD EDUCATION, KNOWLEDGE & SPORTS Channel နှင့် Channel
LIGHT Channel တို့မှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပြီး
MRTV – HD Channel ၊ MWD-HD
Channel၊ MWD- Variety HD Channel တို့မှ ည ၈
နာရီ သတင်းအစီအစဉ်များအပြီးတွင်လည်း ထုတ်လွှင့်သွားမည်ဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment