နေပြည်တော် မေ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၄) မှ သင်တန်းသား သင်တန်းသူ ၃၀ နှင့် ကြီးကြပ် သူနှစ်ဦးတို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။
ဦးစွာ ပင်မအဆောက်အအုံရှိ Auditorium ခန်းမတွင် “နုပျိုဆန်းသစ်
(၇၈) နှစ်မှသည် ပြည်သူ့ အတွက် MRTV” Video Clip ကို ပြသပြီး မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်
ဦးရဲနိုင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့ များသည် News
Channel Studio နှင့် Radio
On Air ခန်းတို့
တွင် သတင်းရိုက်ကူးထုတ်လွှင့်မှုတို့ကို ကြည့်ရှုလေ့လာကြပြီး Office
Canteen တွင်
လေ့လာရေး အဖွဲ့များကို လက်ဖက်ရည်နှင့် မုန့်တို့ဖြင့် ဧည့်ခံ သည်။
ဆက်လက်၍ လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား စိန်ရတုပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင်
အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊
တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့်
အခြားအသုံးအဆောင် ပစ္စည်းများစသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်း ပြသထားမှုများကို
လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့များ၏ မှတ်သားဖွယ်ရာအဖြေလွှာများ၌
ဖြည့်စွက်မှုများအား စိစစ်၍ ပြည့်စုံစွာ ဖြေဆိုနိုင်သူ နှစ်ဦးအား အမှတ်တရလက်ဆောင်များ
ပေးအပ်ခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment