၁။ အောက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ရောင်းဝယ်နေသူ များအား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/အရောင်းဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူ ဆောင်ရွက်ရန် ညှိနှိုင်း လျက်ရှိပါသည်။
(က) ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင်
(ခ) Moe Latt
(ဂ) Si Thu & bro များ
(ဃ) ရန်ကုန်ငွေဈေး
(င) ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD
Exchange
(စ) ဒေါ်လာရောင်းဝယ်
(ဆ) December Snow
(ဇ) June Lin Htet Naing
(ဈ) Htet Yan Money Exchange
(ည) Global Value Services-GVS Money
Exchange and Transfer
(ဋ) Boss Online Money Exchange
Services (Family Money Exchange)
(ဌ) Lucky Sky Gold Smith (Facebook
Page)
(ဍ) Nay Myo Htet (Facebook Page)
(ဎ) Gold Market Myanmar (Facebook
Page)
(ဏ) Ye Mon
(တ) Naing Lu
၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့သော
အဖွဲ့အစည်းများအား ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပြီး
ထပ်မံ၍လည်း စောင့်ကြည့်အရေးယူသွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းများကိုလည်း ပြည်သူလူထု
သိရှိရန် ကြေညာထုတ်ပြန်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေးထားပြီး
နိုင်ငံခြားငွေများ လဲလှယ်ရောင်းချခွင့်ရှိသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၌သာ လဲလှယ်ရောင်းချဝယ်ယူ
သွားရန် ထပ်မံ အသိပေးအပ်ပါသည်။
၄။ အထက်ဖော်ပြပါ Facebook Page များနှင့်
အင်တာနက်စာမျက်နှာများတွင် တရားမဝင် နိုင်ငံခြားငွေများရောင်းဝယ်၍ ငွေဈေးကစားနေသူများကို
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အပြင် အများပြည်သူအကျိုးကို
ထိခိုက်စေသည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ များဖြင့်ပါ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ထပ်မံအသိပေးအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
No comments:
Post a Comment