Saturday, May 25, 2024

အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများ၊ ရန်ကုန်မြစ်ကြောင်း တစ်လျှောက်လေ့လာ


နေပြည်တော် မေ ၂၅

အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်း သားများ၊ နည်းပြအုပ်ချုပ်သူ၊ ဆရာ၊ ဆရာမများသည် ယနေ့တွင်စစ်ရေယာဉ် (မုတ္တမ) ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။




လေ့လာရေးခရီးစဉ်တွင် သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူနှင့် ဆရာ၊ ဆရာမများသည် စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ လက်နက်နှင့်လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ အထွေထွေဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာစနစ်များနှင့် ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား စိတ်ပါဝင်စားစွာ လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment