နေပြည်တော် မေ ၃၀
၂၀၂၄ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်း အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ကာကွယ်ရေးဦးစီး ချုပ် (လေ) ကိုယ်စား ဗိုလ်မှူးချုပ် ကျော်သက်နိုင်က အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက တပ်မတော် (လေ) ပိုက်ကျော်ခြင်းအသင်း၏ သရုပ်ပြ
ခတ်ကစားမှုနှင့် ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဇွန် ၃ ရက်အထိ
ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment