နေပြည်တော် မေ ၂
နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား ကျောင်းသူများကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေလျက်ရှိသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင်
မြန်မာစာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက်ဖြေဆိုသူ
စုစုပေါင်း ၂၇၈ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာဘာသာရပ်၌
ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက် ဖြေဆိုသူ စုစုပေါင်း
၂၇၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းနှင့် သင်္ချာဘာသာရပ်၌
ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း
၂၇၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ
သိရသည်။
သတင်းစဉ်
No comments:
Post a Comment