နေပြည်တော် မေ ၃
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက မေ ၂ ရက်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှု များလုပ်ဆောင်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ အဆိုပါလုံခြုံရေးတပ်စခန်းမှ
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပန်းတိုင်းခြုံကျေးရွာ နှင့် ပခုက္ကူနည်းပညာတက္ကသိုလ်သို့
သွားရောက်သည့် လမ်းလုံခြုံရေးဆောင်ရွက်ရန် ထွက်ခွာ စဉ် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့်
ပစ်ခတ တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေး
တိုးမြှင့်ဆောင် ရွက်လျက်ရှိ ကြောင်းနှင့် ပန်းတိုင်းခြုံကျေးရွာရှိ နေအိမ်များကို
မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်အရ သိရှိရ သည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်
နယ်မြေလုံခြုံ ရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများမှ အထင်အမြင်လွဲမှားစေရန်နှင့်
ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံရေးသားထားသည့် သတင်းအမှားများကို
ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment