Saturday, May 25, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၂၄

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် ကုန်သွယ်မှုတွင် ဘင်္ဂလားဒေ့ရှ် တာကာ/မြန်မာကျပ်တို့နှင့် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုကို အထောက်အကူပြုသည့် ဘဏ်လုပ်ငန်းကဏ္ဍအား ထပ်မံအဆင့်မြှင့်တင် ဆောင်ရွက်ရန်တို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment