Saturday, May 4, 2024

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်လှစ်နေမှုအား လာရောက်ကြည့်ရှုအားပေး

 



တောင်ဥက္ကလာပ  မေ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ပဒေသာအားကစားရုံနှင့် ပ‌ဒေသာအားကစားကွင်းတို့၌ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးကြပ်၍ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများ ဖွင့်လှစ်နေမှုအား ယမန်နေ့နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင် ဝန်ကြီးများ လာရောက်ကြည့်ရှု အားပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖြစ်သော တိုက်ကွမ်ဒို၊ ကရာတေး၊ အိုက်ကီဒို၊ ဂျူဒို၊ ဘောလုံး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်၊ အလေးမနှင့် မြန်မာ့သိုင်းအားကစားသင်တန်းများကို ပဒေသာအားကစားရုံနှင့် ပဒေသာအားကစားကွင်းတို့၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအားကစားသင်တန်းများတွင် နည်းပြဆရာ၊ ဆရာမများ သင်ကြားပြသမှုနှင့် သင်တန်းသားသင်တန်းသူများ လေ့ကျင့်သင်ယူနေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုလက်ဆောင်များနှင့် ဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)

No comments:

Post a Comment