နေပြည်တော် မေ ၂၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ရှိ ရွှေတပင်ပျိုးဥယျာဉ်အတွင်း အပူပိုင်းဒေသအထူးစိမ်းလန်းစိုပြည်ရေးနှင့် သစ်တောစိုက်ခင်းများ တည်ထောင်ရန် သစ်မျိုး ၁၈ မျိုးဖြင့် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိမှု အခြေအနေနှင့် ကန်ရေပျိုးဥယျာဉ်အတွင်း ရေဝေရေလဲစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်းနှင့် လူထုဖြန့်စိုက်ပျိုးရန်အတွက် သစ်မျိုး ၂၀ ဖြင့် ပျိုးပင် ၁၁၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြိုးပမ်းဆောင်ရွက်
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ် ဆင်ခေါင်း - ဇီးအိုင် ကြိုးပြင်ကာ
ကွယ်တောအတွင်း ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးမည့် ၁/၂၀၂၄ ကျေးရွာသုံးထင်းစိုက်ခင်း ဧက
၃၀ ၏ မြေပြုပြင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာများ၏
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနှင့် ထင်းလိုအပ်ချက်များအတွက် သဘာဝတောများမှ မှီခိုနေမှုကို
လျှော့ချနိုင်ရန်အတွက် ကျေးရွာထင်းစိုက်ခင်းများ၊ တစ်ရွာနှစ်ဧက စိုက်ခင်းများ
တိုးချဲ့တည်ထောင်သွားရန်၊ စိုက်ခင်းတည်ထောင်ခြင်းနှင့်အတူ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ရေး၊
ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းဖြင့် တစ်အုပ်တစ်မ သစ်တောအုပ်များဖြစ်အောင်
ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
မင်းဘူးခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနရုံးများသို့သွားရောက်၍ ဝန်ထမ်းများနှင့်
တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် မကွေးခရိုင် မကွေးမြို့နယ်ရှိ ၁/၂၀၂၄ ကျေးရွာ
ထင်းစိုက်ခင်းဧက ၂၀၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ချောင်းကောက်ကျေးရွာ တစ်ရွာနှစ်ဧက
ဘက်စုံသုံး စိုက်ခင်းနှင့် ဆင်ပေါင်ဝဲမြို့နယ် တောပုန်းကြီးကြိုးပြင်ကာကွယ်တော အကွက်အမှတ်
(၁) ရှိ ၂/၂၀၂၄ ကျေးရွာထင်းစိုက်ခင်းဧက ၂၀ ၏ မြေပြုပြင်ဆောင်ရွက်နေမှုကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် တောင်တွင်းကြီးမြို့နယ်ရှိ ၁/၂၀၂၃ ကျေးရွာထင်း စိုက်ခင်း
၁၂၅ ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် သက္ကယ်ကျင်းကျေးရွာရှိ ၂၀၂၄ မိုးရာသီ
ဘက်စုံသုံး စိုက်ခင်းတစ်ရွာနှစ်ဧက စိုက်ပျိုးမည့်နေရာ မြေပြုပြင်ဆောင်ရွက်ထားမှုကို
ကြည့်ရှုစစ်ဆေးပြီး ဒေသခံကျေးရွာလူထုနှင့်တွေ့ဆုံကာ သစ်တောသစ်ပင်များ၏
ကောင်းကျိုးနှင့် လူသားတို့အပေါ် အကျိုးပြုပုံ၊ မိမိတို့ပတ်ဝန်းကျင်ရှိ
သစ်တောသစ်ပင်များအား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပုံတို့နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပြီး
ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ကျွန်းသစ်စေ့ထုတ်ဧရိယာအဖြစ်
တိုးချဲ့သတ်မှတ်
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်ရှိ ပြည်ကျွန်းကြိုးဝိုင်း
၇၈ ဧကအတွင်း သက်ကြီးကျွန်းစိုက်ခင်း ထိန်းသိမ်းစောင့်ရှောက်ထားမှုနှင့်
ကျွန်းသစ်စေ့ထုတ် ဧရိယာတည်ထောင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ကျွန်းစိုက်ခင်းများ
အောင်မြင်အောင်တည်ထောင်ရာတွင် မျိုးကောင်းမျိုးသန့်ကျွန်းသစ်စေ့များရရှိရေးသည် အလွန်အရေးကြီးသည့်အတွက်
ကောင်းမွန်ဖြောင့်တန်းသော ကျွန်းပင်များ ပေါက်ရောက်ရာ သဘာဝတောနှင့် သက်ကြီးကျွန်း
စိုက်ခင်းနေရာများကို ကျွန်းသစ်စေ့ထုတ်ဧရိယာအဖြစ် တိုးချဲ့သတ်မှတ်သွားရန်
မှာကြားသည်။
ယနေ့ နံနက်ပိုင်းတွင်
ပြည်မြို့ မြန်မာ့သစ်လုပ်ငန်းဧည့်ရိပ်သာတွင် ပြည်ထောင်စုဝန်ကြီးအား
ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးဖော်ထုတ်ရေးနှင့်ပတ်သက်၍
တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်
တရားမဝင်သစ် ဖမ်းဆီးဆောင်ရွက်မှုသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကျွန်း/ သစ်မာ ၁၀,၇၈၁ တန်၊ ၂၀၂၃-၂၄
ဘဏ္ဍာနှစ်တွင် ၇,၇၄၂ တန်၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် မေလလယ်အထိ ၁,၆၃၁ တန် ဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃-၂၄
ဘဏ္ဍာနှစ်တွင် ၂,၂၆၅ တန်၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် မေလလယ်အထိ ၄၉၂
တန် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ တရားမဝင် သစ်ဖမ်းဆီးဖော်ထုတ်ရာတွင်
နည်လမ်းရှစ်သွယ်ဖြင့် ဆောင်ရွက်နေသည့်အနက် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်အား
ယခုထက်ပို၍ကျယ်ကျယ် ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးအတွက် တရားမဝင်သစ်
ဖမ်းဆီးဖော်ထုတ်ရေးသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်
တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ
ပိတောက်မြိုင်ပျိုးဥယျာဉ်အတွင်း လူထုဖြန့်စိုက်ပျိုးခြင်းအတွက် သစ်မျိုး ၁၉
မျိုးဖြင့် ပျိုးပင် ၆၀,၀၀၀ ကျော်ပျိုးထောင်ထားမှု၊ သာယာဝတီခရိုင် မင်းလှမြို့နယ်ရှိ ရွှေဝါမြိုင်ပျိုးဥယျာဉ်အတွင်း
သစ်မျိုး ၁၇ မျိုးဖြင့် ပျိုးပင် ၁၀၆,၀၀၀ ကျော်
ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၃ ခုနှစ် သီးနှံသစ်တောရော နှောစိုက်ခင်း၊
သာယာဝတီမြို့နယ် ရာပြည့်ပျိုးဥယျာဉ်အတွင်း သစ်ပင်စိုက်ပွဲတော်များနှင့် လူထုဖြန့်စိုက်ပျိုးခြင်းအတွက်
သစ်မျိုး ၁၅ မျိုးဖြင့် ပျိုးပင် ၉၀,၀၀၀
ကျော်ပျိုးထောင်ထားရှိမှု၊ တရားမဝင်သစ် ဖမ်းဆီးဖော်ထုတ်မှုမှ ရရှိလာသောသစ်များ စုပုံဆောင်ရွက်ထားမှု
အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment