Thursday, May 30, 2024

အသိပေးကြေညာချက်

 



၁။ Online Social Media Platform များဖြစ်သည့် Facebook၊ Viber ၊ Telegram အစ ရှိသည်တို့ ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့် အကောင့် (Fake Account) များအသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပါအဝင် မမှန်ကန်သည့်သတင်းများကို ထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိနေရပါသည်။

၂။ အဆိုပါ Website များကို လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။ AD လိုင်စင်ရဘဏ်များအနေဖြင့် ဘဏ်၏တရားဝင် Website များတွင် Exchange Counter ၏ အရောင်းအဝယ် ငွေလဲလှယ်နှုန်းများကို ကြေညာပေးလျက်ရှိပြီး အောက်ဖော်ပြပါ Website များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

၃။ သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့် မမှန်ကန်သည့် Website ကြေညာချက်များကို ယုံကြည်မှုမရှိဘဲ သက်ဆိုင်ရာဘဏ်များ၏ Webiste တွင် ငွေလဲလှယ်နှုန်းများကို ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

(၂၉-၅-၂၀၂၄)

No comments:

Post a Comment