Thursday, May 23, 2024

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာဈေးအတွင်းရှိ ဖိနပ်ဆိုင် ဆိုလာအားသွင်းစနစ် အပူရှိန်လွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

 

နေပြည်တော် မေ ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာဈေးအတွင်း၌ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဖိနပ်ဆိုင်၌ အသုံးပြုသော ဆိုလာအားသွင်းစနစ်မှ အပူရှိန်လွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၆၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment