နေပြည်တော် မေ ၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ - ရုရှား နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ
ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ ဆောက်လုပ်ပေးထားသည့်
တောင်ကြီးမြို့ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးနှင့် ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဆေးကုသမှုများ
ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ
အပြန်အလှန် စေလွှတ်ရေးနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အထူးသဖြင့် ကင်ဆာရောဂါပညာရပ်၊
ခွဲစိတ်ကုသမှုပညာရပ်၊ နှလုံးဆေးကုသမှုနှင့် ခွဲစိတ်မှုပညာရပ်၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုနှင့်
ခွဲစိတ်မှုပညာရပ်များ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ
ဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာဘွဲ့၊ ဒီဂရီများ အပြန်အလှန် အသိ အမှတ်ပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊
၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ ကလေးအထူးကု ဆရာဝန်များအား ရုရှားနိုင်ငံသို့ စေလွှတ်၍
ကလေးကျန်းမာရေး စောင့်ရှောက် မှု သင်တန်းများ နှစ်စဉ်စေလွှတ် သင်ကြားနေသည့်ကိစ္စရပ်များ၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer
Center တို့အကြား ကင်ဆာရောဂါ ဆေး ကုသမှု ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ
ဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် ရုရှားနိုင်ငံထုတ် ဆေးဝါးတင်သွင်းခြင်းနှင့် ဆေးဝါးမှတ်ပုံတင်ရရှိရေးကိစ္စရပ်များ၊
ပြန်လည် သန်စွမ်းရေး ဆေးပညာရပ်ဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များနှင့်
ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင်
ကျန်းမာ ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ
သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
တက်ရောက်
တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ
ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်
တာဝန် ရှိသူများ၊ ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးရာကောင်စစ်ဝန်နှင့် သံတမန်ရေးရာသံမှူးတို့
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment