Tuesday, April 30, 2024

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 


နေပြည်တော် ဧပြီ ၂၉

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Yangon International Gateway Terminal (YIGT) မှ ပြောင်းဖူးစေ့တန်ချိန် ၉၂၀၀ နှင့် မင်းထက်မင်းဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တင်ပို့ခဲ့သည်။

ထို့ပြင် အေရှားဝေါလ်ဆိပ်ကမ်း (AWPT-3)မှ သင်္ဘောတစ်စင်းပေါ် သို့ ရေထွက်ကုန်၊ ဆန်၊ ပဲများ တင်ဆောင်လျက်ရှိသည်။ အလားတူ အေရှားဝေါလ်ဆိပ်ကမ်း (AWPT-3) နှင့် သီလဝါဆိပ်ကမ်း (Myanmar International Terminal Thilawa) တို့မှ သင်္ဘောသုံးစင်းဖြင့် ရေထွက် ကုန်၊ ဆန်၊ ပဲ၊ ချုပ်ပြီးအထည်၊ သစ်တောထွက်၊ သကြား၊ နှမ်း၊ အထွေထွေကုန်ပစ္စည်းများ၊ ကုန်သေတ္တာအခွံ၊ ပြောင်း၊ ရော်ဘာတို့ တင်ဆောင်ထွက်ခွာသွားကြောင်း သိရသည်။

ထို့အတူ ဧပြီ ၃၀ ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀၊ မင်းထက်မင်းဆိပ်ကမ်းမှ ​ပြောင်းဖူး​စေ့တန်ချိန် ၅၄၀၀၊ ဆူးလေဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၄၄၄၀၀ နှင့် ဆန်တန်ချိန် ၇၅၀၀၊ မေ ၁ ရက်တွင် ယခင်ဗိုလ်အောင် ကျော်ဆိပ်ကမ်း (The Myanmar Terminal -TMT 3) မှ ပြောင်းဖူး စေ့တန်ချိန် ၆၀၅၀၊ ​မေ ၃ ရက်တွင် ယခင်ဗိုလ်​အောင်​ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT2) မှ​ ပြောင်းဖူး​စေ့တန်ချိန် ၂၇၅၀၀၊ Yangon International Gateway Terminal (YIGT) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၉၄၀၀ နှင့် မေ ၅ ရက်တွင် ဆူးလေဆိပ်ကမ်းမှ ပြောင်းဖူးစေ့ တန်ချိန် ၂၇၅၀၀၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-1) မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၅၀၀ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment