နေပြည်တော် ဧပြီ ၂၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်လည်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး စေတီတော်ကို လက်ယာရစ်လှည့်လည်
ပူဇော်၍ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်းရှိ ဂေါတမမြတ်စွာဘုရားရှင် ဗုဒ္ဓရုပ်ပွားတော်
မြတ်အား ရှိခိုးကန်တော့ကြကာ ရင်ပြင်တော်ရှိ အောင်မြေဌာန၌ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး
အား ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြပြီး မေတ္တာပို့အမျှဝေကြသည်။
ထို့နောက် ဒုလ္လဘရဟန်း လောင်းများ၊ ရှင်သာမဏေလောင်းများ၊ သီလရှင်လောင်းများနှင့်
ဧည့် ပရိသတ်တို့သည် မဟာဝိဇိတာရုံသာသနာ့ဝန်ဆောင်ကျောင်းတိုက် မဟာနာယကဆရာတော် ဂန္ထ ဝါစကပဏ္ဍိတ
ဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဒုလ္လဘရဟန်းလောင်း ၃၉ ပါးတို့အား မဟာဝိဇိတာရုံ
သာသနာ့ဝန်ဆောင်ကျောင်းတိုက် မဟာနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရထံ သံဃာ့ကိစ္စများဖြစ်သည့်
ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်း ဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါရွတ်ဖတ် ဥပသမ္ပဒကံဆောင်ခြင်းတို့ကို
ဆောင်ရွက်ကြ၍ ရဟန်း၊ သာမဏေများအဖြစ်သို့ သာသနာ့အမွေခံယူကြသည်။
ယင်းနောက် သီလရှင်လောင်း ၃၆ ပါးတို့အား လယ်ဝေးမြို့ ပုဏ္ဏမီဂုဏ်ဝေသီလရှင် စာသင်
တိုက်ဆရာကြီး ဒေါ်ဇေယျသိင်္ဂီ အမှူးပြုသောသီလရှင်ဆရာကြီးများက ကေသစ္ဆေဒနမင်္ဂလာ စုပေါင်းဆံချခြင်းကို
ဆောင်ရွက်ကြပြီး သာသနာ့နွယ်ဝင်သီလရှင်အဖြစ် သာသနာ့အမွေခံယူကြ သည်။
သိမ်ဆင်းလောင်းလှူ
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်
ဇနီး၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် အလှူရှင်များက မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင်ကျောင်းတိုက်
မဟာနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဥပဇ္ဈာယ်နှင့်ကာရက ဆရာတော်
၁၂ ပါးနှင့် ဒုလ္လဘရဟန်း ၄၂ ပါး တို့ကို သိမ်ဆင်းလောင်းလှူပူဇော်ကြသည်။
ယနေ့နံနက်ပိုင်းတွင် မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင်ကျောင်းတိုက် မဟာနာယက ဆရာတော်
ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော ဆရာတော် ၁၂ ပါးတို့က ဒုလ္လဘ ရဟန်းအဖြစ်ခံယူကြမည့်
ရဟန်းလောင်း သုံးပါး၊ ရှင်သာမဏေ လောင်း ၁၁ ပါးတို့အား ဆံချခြင်းနှင့် ရှင်ပြုပေးခြင်း၊
ရဟန်းခံခြင်းဆိုင်ရာဆောင်ရွက်ဖွယ်ရာ သံဃာ့ကိစ္စများဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊
ဥပသမ္ပဒကမ္မဝါရွတ်ဖတ် ဥပသမ္ပဒကံဆောင်ခြင်းတို့ကို ဆောင်ရွက် ကြရာ ပြည်ထောင်စုဝန်ကြီးနှင့်
ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုကြသည်။
ထို့နောက် အလှူတော်မင်္ဂလာ တရားတော်နာ ရေစက်ချအခမ်းအနားကို မဟာဝိဇိတာရုံသာသနာ့
ဝန်ဆောင်ကျောင်းတိုက်ရှိ ဓမ္မဝိဇိတဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့်
ဧည့်ပရိသတ်များက မဟာစည်သာသနာ့ရိပ်သာ ပဓာနနာယကဆရာတော် ကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တအာစိဏ္ဏထံမှ
ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော
မေတ္တသုတ်ပရိတ်တရားတော်အား နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်

No comments:
Post a Comment