နေပြည်တော် ဧပြီ ၂၁
ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး၊ ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ပမှစားသုံးဆီတင်သွင်းမှု လျော့ကျစေရန်နှင့် ပြည်တွင်း
စားသုံးဆီဖူလုံစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နေကြာအပါအဝင် ဆီ ထွက်သီးနှံများ
ပိုမိုထုတ်လုပ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများ ထုတ်လုပ်ရန်
အဆင့်မီဆီစက်များ လိုအပ်နေသည့်အတွက် ပြည်တွင်းဆီစက်များတွင် အဆင့် မီစက်ပစ္စည်းများ
တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ
အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ် ချက်ကို
ဖြည့်ဆည်းပေးရန် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်တွင် ဖွဲ့စည်းပေးပြီးဖြစ်ကြောင်း။
ပြည်တွင်းထုတ် စားသုံးဆီများကို အစားအစာဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများ၊
နိုင်ငံ တကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက်
Extra-virgin Cold Pressed Oil နှင့် Virgin Cold Pressed Oil များမှအပ ကျန်စားသုံးဆီများကို
ပြန်လည် သန့်စင်မှုပြုလုပ်ခြင်းဖြင့် ဆီကြမ်းမှသည် အဆင့်မီဆီချောများ ထွက်ပေါ်လာနိုင်ရေးကို
နိုင်ငံတော် အစိုးရ၏ အားပေးမြှင့်တင်မှုနှင့်အတူ ဆီကြမ်းမှသည် ဆီသန့် ဆီချောထုတ်လုပ်ဖြန့်ဖြူးနိုင်သည့်
လုပ်ငန်းရှင်များပေါ်ထွန်းလာရန် လိုအပ်ကြောင်း၊ လက်ရှိလည်ပတ်နေသည့် ခေတ်မမီတော့သော
စက်များကို စက်သစ်များဖြင့် တဖြည်းဖြည်း အစားထိုးသွားရမည်ဖြစ်ကြောင်း၊ စားသုံးဆီများ
ကို GMP စနစ်နှင့်အညီ ထုတ်လုပ်ရန်လည်း လိုအပ်ကြောင်း၊ GMP ဟု ဆိုရာတွင် ဘေးအန္တရာယ်
ကင်းရှင်းစွာ လည်ပတ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ စစ်ဆေးကြပ်မတ် ပေးရမည်ဖြစ် ကြောင်း၊
အရည်အသွေးနှင့် ပတ်သက်သော အာမခံချက်ဖြစ်သည့် FDA အသိအမှတ်ပြု လက်မှတ် ရရှိထားရမည်ဖြစ်ကြောင်း၊
အချို့လုပ်ငန်းများတွင် ကုန်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်လျက်ရှိ ကြောင်း၊ စားသုံးသူများ၏
ကျန်းမာရေးထိခိုက်မှုမရှိစေရေး အစီအမံများ ထည့်သွင်းဆောင်ရွက် ထားရှိရန်လည်း လိုအပ်ကြောင်း။
ဝါစိုက်ပျိုးမှုသည် ပြည်တွင်းလိုအပ်ချက်ကို လုံလောက်မှုရှိသည်ကို တွက်ချက်မှုများအရ
သိရှိရကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှထွက်ရှိသော ဝါများကို ဝါကြိတ်စက်ရုံများမှ ကြိတ်ခွဲခြင်း၊
ချည်စက်ရုံများမှ ချည်ထုတ်လုပ်ခြင်း၊ ပိတ်များ ရက်လုပ်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်
ကြောင်း၊ စက်မှုဝန်ကြီးဌာနတွင် ဝါကြိတ်စက်ရုံ ၁၆ ရုံ၊ ပုဂ္ဂလိကတွင် ၁၉၁ ရုံ စုစုပေါင်း
၂၀၇ ရုံ၊ ဝန်ကြီး ဌာနတွင် ချည်မျှင်နှင့် အထည်ထုတ်လုပ်သည့် စက်ရုံ ၁၂ ရုံ၊ ပုဂ္ဂလိကသို့
ငှားရမ်းထားသည့် စက်ရုံ နှစ်ရုံ၊ ပုဂ္ဂလိကတွင် ကိုးရုံ၊ စုစုပေါင်း ၂၃ ရုံရှိကြောင်း၊
ထို့ကြောင့် နိုင်ငံပိုင်စက်ရုံများ၊ ပုဂ္ဂလိကသို့ ငှားရမ်းထားသော စက်ရုံများ၊ ပုဂ္ဂလိကစက်ရုံများအားလုံး
ဝါကြိတ်ခွဲခြင်းနှင့် ချည်ထုတ်လုပ်ခြင်းလုပ်ငန်းများကို စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေးအတွက်
ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆီစက်များ၊
ချည်မျှင်စက်များတွင် အသုံးပြုလျက်ရှိသည့် အလိုအလျောက်ထိန်းချုပ်မောင်းနှင်မှု စနစ်များပြုပြင်ခြင်း
သင်တန်းများ ဖွင့်လှစ်မည့်အခြေအနေ၊ ပဲဖတ်၊ နှမ်းဖတ်တို့တွင် ဆီကျန်ရှိမှု နည်းပါးစေရေးအတွက်
အဆင့်မြှင့်ဆီစက် စမ်းသပ်ထုတ်လုပ်နေမှုအခြေအနေတို့ကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်
စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီစက်လုပ်ငန်းရှင်များအား
ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေတို့ကိုလည်းကောင်း၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း
ဦးဆောင်ညွှန်ကြားရေးမှူးက ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ချမှတ်ထားသည့်
လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ကြရန် မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြား
ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment