လယ်ဝေး ဖေဖော်ဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်များနှင့် ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် ကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း( ၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်း အမှတ်(၂)တွင် ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာ မိုးဇော်ထွန်းက ယခုသင်တန်းသည် မိမိတို့ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအားကစားအဆင့်အတန်း
တိုးတက်မြင့်မားစေရေး အတွက် အထောက်အကူဖြစ်စေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အရည်အသွေးရှိသော
ကာယ ပညာ ဆရာဆရာမများ ပေါ်ထွက်လာပြီး ကျောင်းသားအားကစားလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ
ဆောင်ရွက်ကာ အရည်အသွေးရှိသော ကျောင်းသားအားကစားသမားများ ပေါ်ထွန်းလာစေရန် ဖြစ်ပါကြောင်း၊
လက်ရှိဖော်ဆောင်နေသည့် KG+12 ကာယပညာသင်ရိုးကို ပေါက်မြောက်အောင် အကောင်အထည်ဖော်ရမည်ဖြစ်၍
အလေးထားကြိုးစားကြစေလိုကြောင်း၊ အားကစားနည်းအလိုက် သင်ကြားပို့ချပေးသည့် စာတွေ့လက်တွေ့သင်ခန်းစာများကို
သေချာဂရုစိုက်ပြီး လေ့လာမှတ်သားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တက် ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
အဆိုပါ သင်တန်းတွင် အားကစားနည်း ခုနစ်မျိုးအား
နည်းပြဆရာ၊ ဆရာမ ၃၅ ဦးက သင်ကြားပို့ချလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၃၁၅ ဦး တက်ရောက်ကာ
သင်တန်း ကာလမှာ ဖေဖော်ဝါရီ ၂၈ မှ မတ် ၁၀ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment