Saturday, March 2, 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပီတန်း၊ ဂျူဒိုနှင့် မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများ ကြည့်ရှုအားပေး



နေပြည်တော် မတ် ၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယ ဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ပီတန်းအားကစားလေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမားများ၏ လေ့ကျင့်‌နေမှု၊ Cluster-3 ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒို အားကစားသမားများ၏ လေ့ကျင့်နေမှုနှင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက နည်းပြများ၏ စနစ်တကျသင်ကြားပြသလေ့ကျင့်ပေး မှုအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှ သာ မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများကို ထုတ်ဖော်ပြသနိုင်မည်ဖြစ်၍ ကျန်းမာရေး အထူး ဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ နေထိုင်စားသောက်မှုများနှင့် လေ့ကျင့်မှုများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် စံချိန်၊ စံညွှန်းများတိုးတက်ကောင်းမွန်စေရန် မိမိတို့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားရန်နှင့် ပြိုင်ပွဲအတွေ့အကြုံများ ရရှိစေရေးအတွက် နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘိလိယက်နှင့်စနူကာအားကစားရုံတွင် ကျင်းပလျက် ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment