နေပြည်တော် ဖေဖော်ဝါရီ ၂၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများနှင့်တက္ကသိုလ်တို့မှ ဝန်ထမ်းများနေထိုင်သည့် လူပျိုဆောင်/ အပျိုဆောင်များနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးလမ်းညွှန်ချက်များ၊ လုံခြုံရေးသတိနှင့် ဝန်ထမ်းအိမ်ရာသတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီးသည် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဘောဂသိဒ္ဓိရပ်ကွက် သဇင်(၄) အဆောင်(၂၀)အပျိုဆောင်နှင့် သဇင်(၅)အဆောင်(၆)လူပျိုဆောင်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာ တိုက်အမှတ် (၁၂၀၃)၊ အမှုထမ်းအိမ်ရာ တိုက်အမှတ် (၁၃၇၁)၊ (၁၃၇၂)၊ (၁၃၇၇)၊ (၁၃၂၁)၊ (၁၃၂၈)နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာ တိုက်အမှတ်(၁၀၇)တို့သို့ရောက်ရှိပြီး ဝန်ထမ်းအိမ်ရာလုံခြုံရေးအတွက် သူစိမ်းဧည့်သည်များ၊ မသက်ဆိုင်သူများ လက်ခံထားရှိခြင်းမပြုရန်၊ ဆွေမျိုးသားချင်းများ လာရောက်တည်းခိုနေထိုင်ပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားရန်၊ ဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီနေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment