Thursday, February 29, 2024

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထပ်ဆင့်ထောက်ခံချက်များ လျှောက်ထားလိုပါက တစ်ပတ်နှစ်ရက်သတ်မှတ်ထားကာ ကိုယ်တိုင်လာလျှောက်ရမည်

 ရန်ကုန် ဖေဖော်ဝါရီ ၂၈

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထပ်ဆင့်ထောက်ခံချက်များ လျှောက်ထားလိုပါက တစ်ပတ်နှစ်ရက် သတ်မှတ်ထားကာ လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း သံရုံးက ဖေဖော်ဝါရီ ၂၇ ရက်တွင် အသိပေးထားသည်။

ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေထိုင်၊ အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံမှ စာရွက်စာတမ်းအထောက်အထားများအား မြန်မာသံရုံးဆိုးလ်မြို့၌ ထပ်ဆင့်ထောက်ခံချက်များ လျှောက်ထားလိုပါက နိုတြီမူရင်း၊ နိုတြီပြန်ထားသည့် စာရွက်မူရင်း/ မိတ္တူ (ဥပမာ- ဆယ်တန်းအောင်လက်မှတ် မိတ္တူ)၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ ID Card မိတ္တူတင်ပြ၍ အင်္ဂါနေ့နှင့် ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ သံရုံးမှ ရက်ချိန်းပေးသည့်နေ့ရက်တွင် လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်စားထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာဖြင့် သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူရန်လည်း သံရုံးမှ အသိပေးကြေညာထားသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သားများ စေလွှတ်လျက်ရှိကာ အဆိုပါနိုင်ငံသို့ မြန်မာလုပ်သားများ သွားရောက်အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားမှုလည်း များပြားသည်။

ယခုနှစ်တွင် ကျင်းပမည့် သတ္တမအကြိမ်မြောက် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်ဖြင့် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲတွင် မြန်မာနိုင်ငံမှ လုပ်သားများကို ကိုရီးယားသမ္မတနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ခေါ်ယူသွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းအတွက် ပထမဆုံးအကြိမ်အဖြစ် ကျား/မ မရွေးဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

MT 

No comments:

Post a Comment