နေပြည်တော် ဇန်နဝါရီ ၅
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိ မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် သီရိ ငါးမြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနရုံးများသို့ သွားရောက် စစ်ဆေးသည်။
ဦးစွာ
ဒုတိယဝန်ကြီးသည် မြန်မာ့စီးပွား ရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ပြည်တွင်း အခွန်များဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မြန်မာ့စီးပွားရေးဘဏ်
ပုဗ္ဗသီရိမြို့နယ်ဘဏ်ခွဲသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊
ချေးငွေတိုးမြှင့်ထုတ်ချေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရအဖွဲ့အစည်းများနှင့်
ဘဏ်နှင့်ဆက်သွယ်လာသူပုဂ္ဂလိကများသို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ခေတ်အဆက်ဆက် ယုံကြည်
စိတ်ချစွာဆောင်ရွက်ပေးနေသည့် နိုင်ငံပိုင်ဘဏ်ကြီးဖြစ်၍ ဘဏ်လုပ်ငန်းများဆောင်ရွက်ရာတွင်
ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေ၊ ငွေစုဘဏ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊
စည်း မျဉ်းများနှင့်အညီ စနစ်တကျ ဂရုတစိုက်ဆောင်ရွက် ကြရန်လိုကြောင်း၊ ဘဏ်နှင့်ဆက်သွယ်လာသများအား
ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက် ပေးရာတွင် လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေးနှင့်
ပင်စင်လစာ ထုတ်ယူသူများအတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊
ဘဏ်နှင့်ဆက်သွယ်လာသူများ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေချောမွေ့စွာဖြည့်
ဆည်းဆောင်ရွက်ပေးကြရန်တို့ကို မှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက်
ဒုတိယဝန်ကြီးသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပုဗ္ဗသီရိခရိုင်ဘဏ်ခွဲသို့ သွားရောက်
ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်အနေဖြင့် နိုင်ငံလူဦး ရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့်
ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝတိုးမြင့်လာရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး
စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ချေး ငွေများကို နည်းလမ်းအမျိုးမျိုးဖြင့်
ထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် တောင်သူများ၏ချေးငွေလိုအပ်ချက်များကို
အဓိကဖြည့်ဆည်းပေးနေသော မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ အဓိကတာဝန်နှစ်ရပ်မှာ တောင်သူလယ်သမားများသို့
စိုက်ပျိုးစရိတ်နှင့် လယ်ယာဖွံ့ဖြိုးရေးချေးငွေများကို ထုတ်ချေးရန်နှင့် သတ်မှတ်ကာလအတွင်း
ပြန်လည်ကောက်ခံရန်ဖြစကြောင်း၊ ယင်းတာဝန်များကို ရေရှည်ဆောင်ရွက်နိုင်စေရန် ကြွေးဟောင်းပြေကျေမှ
ကြွေးသစ်ပေးသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ကြွေးဟောင်းများ ကောက်ခံရရှိရေးအတွက်
နယ်မြေဒေသအုပ်ချုပ်မှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊
မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၏ လုပ်ငန်းစီမံချက်နှစ်ခုဖြစ်သည့် ကြွေးကျန်လျော့နည်းကျဆင်းရေးစီမံချက်နှင့်
အလွဲသုံးစားမှု လျော့နည်းပပျောက်ရေးစီမံချက်တို့ကို အောက်ခြေဝန်ထမ်းများ သိရှိနားလည်လိုက်နာရေး
ဆောင်ရွက်ရန်ဖြစ်ကြောင်းမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း
ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့်
ဒုတိယဝန်ကြီးသည် သီရိငါးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်စစ်ဆေးပြီး အခွန်ရငွေများ
တိုးမြှင့်ကောက်ခံရရှိနိုင် ရေးအတွက် အခွန်နှုန်းများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်ကောက်ခံနိုင်သည့်အခွန်အခြေ
တိုးချဲ့ဖော်ထုတ် နိုင်သည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ရေး၊ လျာထားချက်ထက်ပြည့်မီကျော်လွန်အောင်
ကောက်ခံနိုင်မည့်အခြေအနေများ၊ တိုးတက်လာသည့်နည်းပညာများကိုအသုံးပြု၍ အခွန်တိုးချဲ့ကောက်ခံနိုင်
မည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကြရန်တို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများ၏တင်ပြချက်များကို
ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment