နေပြည်တော် ဇန်နဝါရီ ၅
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးဦးရဲတင့်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ
ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြ ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊
ဒုတိယ ဥက္ကဋ္ဌ အကယ်ဒီမီ ရန်အောင်၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့်
တာဝန်ရှိသများက အွန်လိုင်းမှတက်ရောက်ကြသည်။
ရှေးဦးစွာ
မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြား
ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်
ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ခန်းမ၌ ကျင်းပသွား မည်ဖြစ်ပါကြောင်း၊ ပြန်ကြားရေး
ဝန်ကြီးဌာနအနေဖြင့် ထူးချွန်ဆုပေးပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ယခုအချိန်တွင်
လုပ်ငန်းအများအပြား ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အကယ်ဒမီ ရွှေစင်ရုပ်တု တွင်
တပ်ဆင်မည့် ရွှေကြယ်များနှင့် အကယ်ဒမီပေးပွဲကို တက်ရောက် လာကြမည့် အကယ်ဒမီဆုရ အနုပညာရှင်၊
အတတ်ပညာရှင်များကို ရွှေစင်ရုပ်တု ရင်ထိုးတံဆိပ်များ ပေးအပ်နိုင်ရေးအတွက် လိုအပ်သည့်ရွှေများကို
နိုင်ငံတော်က ကျခံသွားမည်ဖြစ်ပြီး လုပ်ငန်း အပ်နှံခြင်းကို ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။
Forever
Group Co.,Ltd အနေဖြင့် အဓိကကူညီပံ့ပိုးသူအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည့်အတွက်
နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ဇန်နဝါရီ ၃ ရက်က ချုပ်ဆိုခဲ့ပြီး လုပ်ငန်းများကိုလည်း
စတင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့်
ဇာတ်ကားစိစစ်အကဲ ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း
ရုံတင်ပြသခဲ့သည့် ဇာတ်ကား ၃၅ ကားကို စိစစ်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ရွေးချယ်ထားသည့်
ဇာတ်ကား ၁၂ ကားကို ဇန်နဝါရီ ၃ ရက်က အပြီးအစီး စိစစ်ဆောင်ရွက်ပြီး ဖြစ်သည်ဟု သိရပါကြောင်း။
ရွှေကြိုမောင်မယ်
ရွေးချယ် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ နောက်ဆုံးဆန်ခါတင်အနေ ဖြင့် ရွှေကြိုမောင်မယ်အမျိုးသား
၁၃ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ကို အပြီးသတ် ရွေးချယ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊
ယခုနှစ်၏ ထူးခြားမှုအနေဖြင့် ရွှေကြိုများကို ရွေးချယ်ခြင်းအပြင် ရုပ်ရှင်အနာဂတ်အတွက်
သရုပ်ဆောင်များကို မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရွှေကြိုရွေးချယ် ရေးအဖွဲ့၊
ရုပ်ရှင်ထုတ်လုပ်ရေးများနှင့် ရုပ်သံလိုင်းများက သရုပ်ဆောင် ၄၃ ဦးကို ရွေးချယ်ထားကြောင်း
သိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ဖြစ်ရပါကြောင်း။
၂၀၂၃
ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား နှင့် ပတ်သက်၍ နေပြည်တော်
MICC-1 ခန်းမတွင် မီး၊ အသံ၊ ကင်မရာပြင်ဆင်ခြင်းအပိုင်းများ ကို ဇန်နဝါရီ ၂၈ ရက်တွင်
အပြီး တပ်ဆင်သွားမည်ဖြစ်ပြီး Tech-nical Rehersal ကို ဇန်နဝါရီ ၂၉ ရက်တွင် ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ အချိန်မီပြီးစီးအောင်မြင်ရန်အတွက် ယခင်နှစ် အတွေ့အကြုံများအပေါ်အခြေခံပြီး
လိုအပ်ချက်များကို ကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း
ပြောကြားသည်။
ထို့နောက်
အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက
ယခုနှစ် အကယ်ဒမီဆုပေးပွဲ ကျင်းပမည့် MICC-1 ရှိ ကျောက်စိမ်းခန်းမသည် လူဦးရေ ၁၄၀၀ ဝင်ဆံ့ပါကြောင်း၊
နေပြည်တော်ကောင်စီအနေဖြင့် လိုအပ်သည်များကို ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
ဆပ်ကော်မတီများတွင်လည်း နေပြည်တော်ကောင်စီမှ အရာရှိများ ပါရှိပါကြောင်း၊ ယခင်နှစ် အတွေ့အကြုံလည်းရှိပြီး
ဖြစ်၍ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့က မြန်မာ့ရုပ်ရှင်
ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို
ပူးပေါင်းပါဝင် ကူညီဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့် က မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်
ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း များ အချိန်မီပြီးစီးအောင်
ညှိနှိုင်း ဆောင်ရွက်သွားမည့် အခြေအနေ များကို ဆွေးနွေးပြောကြားပြီး ဦးစီးကော်မတီ အတွင်းရေးမှူး
အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွက်
ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း
အရုံး နာယက/ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်း အရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့်
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌများ၊
တက်ရောက်လာကြသူများက ပါဝင်တင်ဆက်သွားမည့် အစီအစဉ်များ၊ တေးသီချင်းများအပါအဝင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု
ချီးမြှင့်ပွဲအခမ်းအနား အောင်မြငစွာကျင်းပနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက်
အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးတင်ပြချက်များအပေါ်
ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment