Monday, January 1, 2024

မိုင်းဆတ်မြို့နယ် လွယ်ဆောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော် ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မိုင်းဆတ်မြို့နယ် လွယ်ဆောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် အဆိုပါကျေးရွာခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ၁၁၁ ဦးတို့ကို အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ မျက်စိရောဂါ၊ အတက်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် လူနာများကို နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment