Saturday, January 6, 2024

အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၄/၂၀၂၃)၏ သင်တန်းဆင်းပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်နှင့် ရန်ကုန်တို့၌ တစ်ပြိုင်တည်းကျင်းပ

နေပြည်တော် ဇန်နဝါရီ ၅         

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၄/၂၀၂၃)၏ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေနံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ရှိ ဝန်ဇင်းမင်းရာဇာ ခန်းမ၌လည်းကောင်း တစ်ပြိုင်တည်းကျင်းပရာ နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (၁) ဦးကျော်မျိုးထွဋ်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေဆိုင်ရာဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာဘာသာ ရပ်များ၊ စေ့စပ်ညှိနှိုင်းခြင်း ဘာသာရပ်၊ နိုင်ငံတကာညီလာခံများ ကျင်းပခြင်းနှင့်စပ်လျဉ်းသည့် ဘာသာရပ်များ သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၂ ပတ်ကြာမြင့်ခဲ့သည်။

အဆိုပါ သင်တန်းများကို ၂၀၀၀ ပြည့်နှစ်မှစ၍ စတင် ဖွင့်လှစ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီး ဌာန အပါအဝင် အစိုးရအဖွဲ့ အစည်းအသီးသီးနှင့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ၊ ပြင်ပပုဂ္ဂလိက နယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စားသူများက တက် ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၂) ဦးလွင်ဦးနှင့်ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီး များ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိ သူများ၊ တက္ကသိုလ်များမှပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများနှင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့မှ သင်တန်းသားသင်တန်းသူ ၁၀၀ ခန့် တက်ရောက်သည်။

သတင်းစဉ်

 

No comments:

Post a Comment