Wednesday, January 3, 2024

ရန်ကုန်မြို့တော်ဝန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေး



ရန်ကုန် ဇန်နဝါရီ ၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၄၅) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းရှိ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းသင်တန်းကျောင်းသင်တန်းခန်းမ၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

ပေးအပ်ချီးမြှင့်

ဆက်လက်၍ မြို့တော်ဝန်က သင်တန်းဆင်းအောင်လက်မှတ်နှင့် ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မိသားစုပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေသည့် မအူကုန်းအားကစားကွင်းသို့ သွားရောက်၍ ထုပ်ဆီးတိုးယှဉ်ပြိုင်နေမှုနှင့် ဘော်လီဘောယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ကန်တော်ကြီး မြေပဒေသာကျွန်း၌ ကျင်းပ သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲသို့ သွားရောက်၍ ရေပေးဝေရေးစီမံကိန်းများနှင့် အသိပညာပေးပြကွက်များ၊ သဘာဝမြေဆွေး (Organic Compost) ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် မြေဆွေးရောင်းချရန် ခင်းကျင်းထားမှုများ၊ EM Bokashi ထုတ်လုပ်ပုံအဆင့်ဆင့် ပြခန်းများတွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားပြီး ပြပွဲသို့ ပြည်သူများ၊ ဝန်ထမ်းများ လာရောက်လေ့လာနေမှုများကို ကြည့်ရှု အားပေးသည်။

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲတွင် ပြည်သူများ အပန်းဖြေအနားယူနိုင်ရန်၊ ဗဟုသုတရှာမှီးလေ့လာနိုင်ရန်နှင့် တစ်နိုင်တစ်ပိုင် ပန်းအလှစိုက်ပျိုးနိုင်စေရန်အတွက် ပြခန်းစုစုပေါင်း ၃၃ ခန်းအပြင် ပန်းအရောင်းဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများပါ ဖွင့်လှစ်ထားရာ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း မည်သူမဆို လာရောက်လေ့လာဝယ်ယူအားပေး၍ အပန်းဖြေအနားယူနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment