Thursday, January 4, 2024

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ(၉၇၆၆)ဦးအား လွှတ်ငြိမ်းချမ်းသာခွင့်ပြု


 


နေပြည်တော် ဇန်နဝါရီ ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယနေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားပြီး နိုင်ငံတော်၏မေတ္တာနှင့် စေတနာကိုနားလည်စေရန်ရှေးရှု၍ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦး၊ စုစုပေါင်း ၉၇၆၆ ဦးတို့အား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် အကျဉ်းသူ၊ အကျဉ်းသားများကို ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအရ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်များချမှတ်ခဲ့သော်လည်း အကျဉ်းထောင်နှင့် အကျဉ်းစခန်းများအတွင်း လူမှုရေး၊ ကျန်းမာရေးဆိုင်ရာများနှင့် အခြားရသင့်သည့် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်ပေးထားသည့်အတွက် ယခုပြန်လည် လွတ်မြောက်လာသည့်အချိန်တွင် ကျန်းမာပျော်ရွှင်လျက်ရှိပြီး လာရောက်ကြိုဆိုသည့် မိဘဆွေမျိုးများကလည်း ဝမ်းပန်းတသာဖြင့် ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment