Tuesday, January 2, 2024

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာ့ရုပ်မြင်သံကြား ဂီတဌာနခွဲမှ အနုပညာရှင်ဝန်ထမ်းများ သွားရောက်ဖူးမြော်ကြည်ညို

 


နေပြည်တော် ဇန်နဝါရီ ၁

နေပြည်တော်တွင် ကြည်ညိုသပ္ပာယ် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်သို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်)ရှိ ဂီတဌာနခွဲမှ အနုပညာရှင်ဝန်ထမ်းများသည် ယနေ့ညပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ဖူးမြော်ကြည်ညို

ဦးစွာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော် ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုးလက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းဓာတ်ပုံများ၊ ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၌ ကျောက်သားဖြင့် ထွင်းထုထားရှိသည့် (၂၄)ပစ္စည်းသရုပ်ဖော် ရုပ်တုရုပ်ထွင်းများ၊ အံ့မခန်းဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ပိဋကတ်သုံးပုံလာကျမ်းစာများကို ခေတ်မီနည်းပညာအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language များဖြင့် ရေးထိုးထားသည့် ကျောက်စာများထားရှိသည့် ကျောက်စာရုံစေတီတော်များ၊ ကျမ်းဂန်လာအဆိုအမိန့်များနှင့်အညီ တည်ထားကိုးကွယ်ထားသည့် နဂါးရုံဘုရားနှင့် အခြားသာသနိက အဆောက်အအုံများကို ဆက်လက်ကြည့်ရှုလေ့လာကြသည်။

ကြိုတင်ရောက်ရှိ

အဆိုပါ မြန်မာ့ရုပ်မြင်သံကြား ဂီတဌာနခွဲကို မြန်မာ့ဆိုင်းဝိုင်းကြီး၊ ခေတ်ပေါ်တေးဂီတနှင့် နိုင်ငံတော်သံစုံတီးဝိုင်းတို့စုပေါင်း၍ စုဖွဲ့ထားရှိရာယင်းအဖွဲ့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုဧည့်ခံပွဲနှင့် ညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်နိုင်ရန် ကြိုတင်ရောက်ရှိပြင်ဆင်နေစဉ် ယခုကဲ့သို့ သွားရောက်ဖူးမြော်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment