Wednesday, January 3, 2024

အမျိုးသမီးများအား တရုတ်အမျိုးသားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ် ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

 နေပြည်တော် ဇန်နဝါရီ ၂

အမျိုးသမီးများအား တရုတ်အမျိုးသားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်နေ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ မ---၊ ၁၇/၂၀၂၃ နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်နေ မ----၊ ၂၇/၂၀၂၃ နှစ်နှင့် ဘိုကလေးမြို့နယ်နေ မ---၊ ၂၃/၂၀၂၃ နှစ်တို့အား တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်အမျိုးသားနှင့်လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မ ရဲစခန်း (ပ) ၁၇၄/၂၀၂၃၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့သည်။ အဆိုပါအမှုအား ဟင်္သာတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံး ရာကြီးအမှုအမှတ် ၄၂/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်နေသင်းသင်းခိုင် (ခ)အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့က တစ်မြို့နယ်တည်းနေ မ ----၊ ၁၄/၂၀၂၃ နှစ်အား တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် ဟင်္သာတမြို့မရဲစခန်း (ပ)၁၇၅/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့သည်။ အဆိုပါအမှုအား ဟင်္သာတခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးရာကြီးအမှုအမှတ် ၄၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ သင်းသင်းခိုင် (ခ) အေးသင်းခိုင်နှင့် မအကြီးမ (ခ) ဇင်မာဦး (ခ) မိုင်လေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment